၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် အရှေိ့ပိုင်း တိုင်းစစ်ဌာနချုပ်မှ တပ်မတော်သားမိသားစုဝင် ကျောင်းသား၊ ကျောင်းသူ များအား ပထမအကြိမ် ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နေ့လည် ပိုင်းတွင် တိုင်းစစ်ဌာနချုပ် သံလွင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများ ပေးအပ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ကြသည်။
ထို့အပြင် တိုင်းစစ်ဌာချုပ်ကွပ်ကဲမှုအောက်ရှိ တပ်နယ်၊ တပ်ရင်း၊ တပ်ဖွဲ့ များ၌လည်း ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအား(ပထမအကြိမ်) ကျောင်းဝတ်စုံနှင့် စာရေးကိရိယာ များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

