ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်းသေနတ်ပစ်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်
နေပြည်တော်၊ ၂၀၂၆ မေ ၂၂
၂၀၂၆ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဆုပေးပွဲကို ယနေ့နံနက်ပိုင်းတွင် သန်လျင်မြို့ရှိ သန်လျင်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်(ရေ) ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ကာကွယ်ရေးဦးစီးချုပ်(ရေ)ကိုယ်စား နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ကွပ်ကဲမှုဌာနချုပ်မှူး က အမှာစကားပြောကြားသည်။ ထို့နောက် ပြိုင်ပွဲအမျိုးအစားအလိုက် ဆုရရှိသူများနှင့် တံခွန်စိုက်ဒိုင်းဆုရရှိသော ရေတပ်လေ့ကျင့်ရေး ဌာနချုပ်အသင်းတို့အား ကွပ်ကဲမှုဌာနချုပ်မှူးနှင့် အဖွဲ့ဝင်များက တံခွန်စိုက်ဒိုင်းဆုနှင့် ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါ ကာကွယ်ရေးဦးစီးချုပ်(ရေ)တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲကို ကာကွယ် ရေးဦးစီးချုပ်ရုံး(ရေ)ကွပ်ကဲမှုအောက် ရေတပ်စခန်းဌာနချုပ်များမှ ပြိုင်ပွဲဝင်အသင်း ၉ သင်း ဖြင့် မေလ ၁၉ ရက်မှ ယနေ့ထိပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
