ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆) သင်တန်းဆင်းပွဲ ပြုလုပ် နေပြည်တော်၊ ၂၀၂၆ မေ ၂၂

Friday, May 22, 2026 - 15:00

ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(/၂၀၂၆) သင်တန်းဆင်းပွဲ ပြုလုပ်

နေပြည်တော်၊ ၂၀၂၆ မေ ၂၂

           ရန်ကုန်တိုင်းစစ်ဌာနချူပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင် ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချတတ်ပြီး လူငယ်များ ခေတ်မီနည်းပညာများ နားလည် တတ်ကျွမ်းစေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးခဲ့သည့် ကွန်ပျူတာအခြေခံသင်တန်း အမှတ်စဉ်(၁/၂၀၂၆)  သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အနော်ရထာခန်းမ၌ ပြုလုပ်ရာ  တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ သင်တန်းနည်းပြ ဆရာ၊ဆရာမများနှင့် သင်တန်းသား/ သင်တန်းသူများ တက်ရောက်ကြသည်။

           ဦးစွာ  တိုင်းမှူး  က သင်တန်းဆင်း အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းထူးချွန်ဆု ရရှိသူများအား သင်တန်းဆင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ  အသီးသီးပေးအပ်ချီးမြှင့်ကြသည်။   အဆိုပါ ကွန်ပျူတာအခြေခံသင်တန်းအား တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ  တပ်မတော်သားမိသားစုဝင် သင်တန်းသား/သင်တန်းသူ   ၃၂၂ ဦး ဖြင့် မေ ၄ ရက်မှ ယနေ့အထိ ဖွင့်လှစ်သင်ကြား ပို့ချပေးခဲ့ကြောင်း သတင်းရရှိသည်။