Saturday, May 16, 2026 - 16:15
မြစ်ကြီးနားသင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းသား၊သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးခရီးထွက်ခွာ
နေပြည်တော် ၂၀၂၆ မေ ၁၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ကြီးနားသင်တန်းစခန်းရှိ အခြေခံ လေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာကြသည်။
အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများအား မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ပြီး လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
