ပုသိမ်မြို့၊ပုသိမ်သင်တန်းစခန်းရှိ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀) မှ သင်တန်းသား၊သင်တန်းသူများ အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းသမိုင်း ပြခန်းသို့ လာရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ မေ ၁၆
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသားလူငယ်များ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်းအခြေခံလေကြောင်းဆိုင်ရာ ပညာရပ်များကို စိတ်ပါဝင်စားပြီး ကျွမ်းကျင်တတ်မြောက်စေရန်၊ ခေတ်မီနိုင်ငံတော် တည်ဆောက်ရေးတွင် လေယာဉ် ပျံသန်းမှုဆိုင်ရာပညာရပ်များကိုနားလည်သိရှိစေရန်၊ စိတ်ဓာတ်၊စည်းကမ်း၊ ကိုယ်လက် ကြံ့ခိုင်မှုနှင့်စည်းလုံးညီညွတ်မှုရှိစေရန်ရည်ရွယ်၍အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)ကို ဧပြီ (၂၇)ရက်မှစတင်၍ ပုသိမ်မြို့ရှိ ပုသိမ်သင်တန်းစခန်း၌ လေကျင့် သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်း ၌ တက်ရောက်သင်ကြားလေ့ကျင့်လျက်ရှိသည့် သင်တန်း သား၊ သင်တန်းသူများ သည် အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းသမိုင်းပြခန်း သို့ မေ ၁၅ ရက် မွန်းလွဲပိုင်း၌ လာရောက်လေ့လာခဲ့ကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပေးသည်။
အဆိုပါ လေ့လာရေးလာရောက် ြသည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား၊သင်တန်းသူများအား အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
