မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၁၀) သင်တန်းသား၊သင်တန်းသူများ နေပြည်တော်သို့ လေ့လာရေးခရီးထွက်ခွာ နေပြည်တော် ၂၀၂၆ မေ ၁၅

Friday, May 15, 2026 - 18:00

စစ်ကိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ မုံရွာသင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)မှ သင်တန်းသား၊ သင်တန်းသူများသည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ လေ့လာရေးခရီးသွားရောက်ရန်အတွက် မုံရွာ လေဆိပ်မှ ထွက်ခွာကြသည်။

အဆိုပါ လေ့လာရေးခရီးသွားရောက်ကြမည့် သင်တန်းသား၊ သင်တန်းသူများ အား အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်သူရ နှင့် တာဝန်ရှိသူများက လေဆိပ်သို့ ပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။