နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းတွင် ဖွင့်လှစ်လျှက်ရှိသော အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁ဝ)မှ သင်တန်းသား/ သင်တန်းသူ များအား သွားရောက်တွေ့ဆုံ နေပြည်တော် ၊ ၂၀၂၆ မေ ၁၁ ရက်     

Monday, May 11, 2026 - 16:15

                 ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့ရှိ နမ့်စန်သင်တန်းစခန်းရှိ အခြေခံလေကြောင်း လူငယ်သင်တန်းအမှတ်စဉ်(၁၀)၌ တက်ရောက်လျှက်ရှိသည့် သင်တန်းသား/သင်တန်းသူများ၏ သင်ခန်းစာသင်ကြားပို့ချသင်ယူနေမှုများအား ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြသည်။

                ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက သင်တန်းသား/သင်တန်းသူများအား အမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများချီးမြှင့်ပေးအပ်ကြရာ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ များက လက်ခံရယူကြသည်။

          ထို့နောက် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများက သင်တန်းသား/သင်တန်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ သင်ခန်းစာ သင်ကြားနေမှုအား  လိုက်လံကြည့်ရှုအားပေးခဲ့ ကြကြောင်းသတင်းရရှိသည်။