မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ဖွင့်လှစ်သင်ကြားလျှက်ရှိသည့် အခြေခံလေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)မှ သင်တန်းသား/သင်တန်းသူများ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းသမိုင်းပြခန်းသို့လာရောက်လေ့လာ
နေပြည်တော်၊ ၂၀၂၆ မေ ၁၀
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက် ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက် များအကျိုးရှိစေရန်၊ မိမိဝါသနာ ပါသည့်ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် လေကြောင်းပညာ ကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ် များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ အခြေခံ လေကြောင်းလူငယ်သင်တန်း အမှတ်စဉ်(၁၀)အား ဧပြီလ ၂၇ ရက်နေ့ မှစ၍ စတင် ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ လေကြောင်းလူငယ်သင်တန်းများမှ သင်တန်းသား၊ သင်တန်းသူများ သည် ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တိုင်းသမိုင်းပြခန်းသို့ လာရောက်လေ့လာကြရာ တိုင်းသမိုင်းပြခန်းမှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြပြီး သင်တန်းသား/သင်တန်းသူများ၏ သိရှိလိုသည်များ မေးမြန်းမှုများကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြကြောင်း သတင်းရရှိသည်။

