၂၀၂၆ခုနှစ်၊ အဆင့်မြင့်ပညာအဆင့် လူရည်ချွန်စခန်း(ချောင်းသာ) နှင့် ဧကာဒသမတန်း လူရည်ချွန်စခန်း(ငွေဆောင်) စခန်းသိမ်းအောင်ပွဲ ကျင်းပ
နေပြည်တော်၊ ၂၀၂၆ မေ ၁၀
၂၀၂၆ခုနှစ်၊ အဆင့်မြင့်ပညာအဆင့်လူရည်ချွန်စခန်း(ချောင်းသာ)စခန်းသိမ်း အောင်ပွဲကို မေ ၈ ရက်ညပိုင်းတွင် အဆိုပါစခန်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ လူရည်ချွန် မောင်/မယ်များ နှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် က စခန်းသိမ်းအောင်ပွဲအမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များက လူရည်ချွန်မောင်မယ်များ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် တာဝန်ရှိသူများ သည် ဧကာဒသမတန်းလူရည်ချွန်စခန်း(ငွေဆောင်) စခန်းအောင်ပွဲသို့ တက်ရောက်ကြ သည်။ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စခန်းသိမ်းအောင်ပွဲ အမှာ စကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူ များထံသို့ လူရည်ချွန်စခန်း(ငွေဆောင်)စခန်းမှူး၊ တိုင်းဒေသကြီး ပညာရေးမှူးက အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်းကောင်း၊ လူရည်ချွန်မောင်မယ်များက လူရည်ချွန်စခန်း(ငွေဆောင်)စခန်းမှူး၊ တိုင်းဒေသကြီးပညာရေးမှူးထံသို့ အမှတ်တရ လက်ဆောင် ပစ္စည်းများကို လည်းကောင်း၊ ငွေဆောင်ဟိုတယ်ဇုန်လုပ်ငန်းအသင်းက လူရည်ချွန် မောင်မယ်များထံသို့ အမှတ်လက်ဆောင်ပစ္စည်းများအား လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူး နှင့် ဧည့်သည်တော် များသည် လူရည်ချွန်မောင်မယ်များနှင့်အတူ ဂုဏ်ပြုညစာများ အတူတကွ သုံးဆောင် ကြပြီးနောက် မီးပုံပွဲအား မီးညှိဖွင့်လှစ်ပေးကာ လူရည်ချွန်မောင်မယ်များနှင့်အတူ မီးပုံပွဲတွင် ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သတင်းရရှိသည်။

