မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကျင်းပပြုလုပ် နေပြည်တော်၊ ၂၀၂၆ မေ ၆

Wednesday, May 6, 2026 - 16:45

  မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော်၊ ၂၀၂၆ မေ ၆

 ကချင်ပြည်နယ်, မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့၏ ၂၀၂၅-၂၀၂၆ ခုနှစ်၊ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ တပ်နယ်တပ်ရင်း/တပ်ဖွဲ့မှူးများနှင့် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးက   တက်ရောက်လာခဲ့ကြသည့် မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။