အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီးပြန်လည်ထွက်ခွာ နေပြည်တော်၊ ၂၀၂၆ မေ ၆

Wednesday, May 6, 2026 - 16:45

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီးပြန်လည်ထွက်ခွာ

နေပြည်တော်၊ ၂၀၂၆ မေ ၆

                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ် INS Satpura(F-48)နှင့် INS Sunayna(P-57)တို့သည် ယနေ့ညနေပိုင်း တွင် ရန်ကုန်မြို့ရှိ သီလဝါဆိပ်ကမ်း MITT တံတားမှပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန် ရှိသူများက ပို့ဆောင်နှုတ်ဆက်ကြသည်။

                အဆိုပါစစ်ရေယာဉ်များတွင် လိုက်ပါလာသည့်အရာရှိ၊ စစ်သည်များသည် မေ(၄)ရက် မှ ယနေ့အထိခရီးစဉ်ကာလအတွင်း ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့ လေ့လာရေးခရီး လည်ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေးအားကစားပြိုင်ပွဲ ယှဉ်ပြိုင်ကစားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။