အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီးရောက်ရှိ နေပြည်တော်၊ ၂၀၂၆ မေ ၄

Monday, May 4, 2026 - 18:15

အိန္ဒိယရေတပ်မှ စစ်ရေယာဉ်နှစ်စီးရောက်ရှိ

နေပြည်တော်၊ ၂၀၂၆ မေ ၄

                ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS Satpura(F-48)နှင့် INS Sunayna(P-57)တို့သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ရှိသီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော်(ရေ) မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။

                အဆိုပါစစ်ရေယာဉ်များတွင် အရာရှိ၊ စစ်သည်စုစုပေါင်း(၅၂၇)ဦးလိုက်ပါလာပြီး မေ ၆ ရက်အထိ သုံးရက်ကြာနေထိုင်၍ ရန်ကုန်မြို့ရှိအထင်ကရနေရာများသို့ လေ့လာလည်ပတ်သွား မည်ဖြစ်ပြီး ချစ်ကြည်ရေးအားကစားပြိုင်ပွဲများလည်း ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။