၂၀၂၆ ခုနှစ်၊ ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံသင်တန်းများနှင့် တန်းမြင့် သင်တန်းများကို သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများအလိုက် ဆက်လက်လေ့ကျင့်သင်ကြား
နေပြည်တော်၊ ၂၀၂၆ မေ ၄
ကျောင်းသား၊ ကျောင်းသူ မျိုးဆက်သစ်လူငယ်မောင်မယ်များကို နွေရာသီ ကျောင်းပိတ်ရက်ကာလအတွင်း အသိပညာများဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်များ အကျိုးရှိစေရန်၊မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူး နိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာ၊ လေကြောင်းပညာကျွမ်းကျင်သော အနာဂတ် မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ တပ်မတော်(ရေ)က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းများ၊ တပ်မတော်(လေ)က အခြေခံ လေကြောင်းလူငယ်သင်တန်းနှင့် တန်းမြင့်လေကြောင်း လူငယ် သင်တန်းဖွင့်ပွဲ များကို ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့ပြီး လေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
ထိုသို့ လေ့ကျင့်သင်ကြားလျက်ရှိရာ ယနေ့တွင် အခြေခံစစ်ရေးပြ၊ တပ်မတော်(ရေ) သမိုင်းဘာသာရပ်နှင့် ရေကြောင်းလမ်းညွှန်ဘာသာရပ်၊ နက္ခတ္တ ဗေဒသင်ခန်းစာ၊ ညွှန်းထောင့်နှင့် Compass သင်ခန်းစာများကို နေပြည်တော်ကောင်စီ နယ်မြေရှိ နေပြည်တော်စခန်းတန်းခွဲ (၁)ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၅ ဦး၊ နေပြည်တော်စခန်းတန်းခွဲ(၂) ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းယား ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၀၀ ဦး၊ ကိုကိုးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၃၅ ဦး၊ ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၁၂၀ ဦး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ပုသိမ်မြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၅ ဦး၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရေကြောင်းလူငယ် စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၆၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဟိန်းဇဲဒေသရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၄၀ ဦး၊ မြိတ်မြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး၊ ကျွန်းစုမြို့ရှိ ရေကြောင်း လူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦးနှင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ ရေကြောင်းလူငယ်စခန်းမှ သင်တန်းသား၊ သင်တန်းသူ ၇၅ ဦးတို့ကို သက်ဆိုင်ရာ နယ်မြေအသီးသီးမှ တာဝန်ရှိသူနည်းပြများက လေ့ကျင့်သင်ကြား ပေးလျက်ရှိပြီး တပ်မတော်(ရေ) ရေကြောင်းလူငယ်သင်တန်းစခန်း ၁၃ ခု၌ သင်တန်း သား၊ သင်တန်းသူစုစုပေါင်း ၈၀၀ ဦးတို့ကို လေ့ကျင့်သင်ကြားပေး လျက် ရှိသည်။
အလားတူ အခြေခံလေကြောင်းလူငယ်သင်တန်းအမှတ်စဉ်(၁၀)နှင့် တန်းမြင့် လေကြောင်း လူငယ်သင်တန်း အမှတ်စဉ်(၉) သင်တန်းများကို ကာကွယ်ရေး ဦးစီးချုပ်ရုံး(လေ)၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သင်တန်းစခန်း ၂၀ ခုတွင် စုစုပေါင်း သင်တန်းသား ၁၀၄၄ ဦးဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှစတင်၍ ဖွင့်လှစ် လျက်ရှိရာ ပြည်မြို့ရှိ ပြည်သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၅၄ ဦးအား လည်းကောင်း၊ မော်လမြိုင်မြို့ရှိ မော်လမြိုင်သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ တောင်ကြီးမြို့ရှိ တောင်ကြီးသင်တန်း စခန်းမှ အခြေခံလေကြောင်းလူငယ်သင်တန်းသား ၆၀ ဦးအား လည်းကောင်း၊ မကွေးမြို့ရှိ မကွေးသင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ် သင်တန်းသား ၅၀ ဦး အားလည်းကောင်း၊ ဟုမ္မလင်းမြို့ရှိ ဟုမ္မလင်း သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း၊ နေပြည်တော်မြို့ ရှိ နေပြည်တော် သင်တန်းစခန်းမှ အခြေခံလေကြောင်းလူငယ် သင်တန်းသား ၆၅ ဦးအားလည်းကောင်း၊ ကျိုင်းတုံမြို့ရှိ ကျိုင်းတုံ သင်တန်းစခန်းမှ အခြေခံလေကြောင်း လူငယ်သင်တန်းသား ၅၀ ဦးအားလည်းကောင်း အခြေခံစစ်ရေးပြ ဘာသာရပ်၊ လေကြောင်းလူငယ် သမိုင်းဘာသာရပ်၊ လေကြောင်းပညာသမိုင်း ဘာသာရပ်၊ လေယာဉ်ပျံသန်းမှုအခြေခံ သဘောတရားဘာသာရပ်၊ လေကြောင်းဆိုင်ရာ အခြေခံ ဗဟုသုတများဘာသာရပ်၊ Airfield Procedure ဘာသာရပ်၊ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့် ဇာတိသွေး ဇာတိမာန်ဘာသာရပ်၊ RC လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ခြင်းဘာသာရပ်၊ RC Simulator နှင့် Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို တာဝန်ရှိသူ နည်းပြများက လေ့ကျင့်သင်ကြားပေးလျက်ရှိပြီး ကျန်သင်တန်း စခန်းအသီးသီးတွင်လည်း ဆက်လက်လေ့ကျင့် သင်ကြားပို့ချပေး လျက်ရှိကြောင်း သတင်းရရှိသည်။





