အိန္ဒိယရေတပ်ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ ရန်ကုန်မြို့သို့ရောက်ရှိ
နေပြည်တော် ၂၀၂၆ မေ ၁ ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် အိန္ဒိယရေတပ် ဦးစီးချုပ် Admiral Dinesh Kumar Tripathi, PVSM, AVSM, NM ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့်ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယရေတပ်စစ်သံမှူးနှင့် တာဝန်ရှိသူများက ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး မြန်မာနိုင်ငံတွင် မေလ ၆ ရက်အထိနေထိုင်၍ အထင်ကရ နေရာများသို့ သွားရောက်လေ့လာလည် ပတ်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ဆိုင်ရာ ချစ်ကြည်ရေးခရီးစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
