နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၄)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်း များသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါ သင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၄) သင်တန်းဖွင့်ပွဲများ ပြုလုပ် ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ တိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၄)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသား တိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင်ရေးအတွက် စစ်ပညာ သင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့ စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း များကို ဖွင့်လှစ်သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းနိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော် ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၄)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ယခုလိုပဲ ကြားသိရပါတယ် ----
ပြည်သူ့စစ်မှုထမ်းအင်တာဗျူး
၁။ နိုင်ငံသားတစ်ယောက်အနေနဲ့ပေါ့နော် ဒီပြည်သူ့စစ်မှုထမ်းကို ထမ်းဆောင်သင့်တယ် ထင်လို့ ကျွန်တော်လာပြီးတော့ ထမ်းဆောင်တာဖြစ်ပါတယ်။ ဘယ်လိုခံယူချက်လဲဆိုတော့ မြန်မာနိုင်ငံမှာရှိတဲ့သူတွေပေါ့ ယောကျာ်းသားတိုင်းက ဒီပြည်သူ့စစ်မှုထမ်းကို မည်သူမဆို ထမ်းဆောင်သင့်တယ်ထင်လို့ ကျွန်တော်လာရောက်ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော့် မိသားစုတွေကတော့ ပြည်သူ့စစ်မှုထမ်းကို လိုလိုလားလားနဲ့ပေါ့။ မြန်မာနိုင်ငံသားတစ် ယောက်အနေနဲ့ပေါ့။ သူတို့ကတော့ တက်ရောက်စေချင်တယ်လို့ ကျွန်တော်ကိုယ်တိုင်က လည်း တက်ရောက်ချင်တဲ့စိတ်ရှိလို့ ပြည်သူ့စစ်မှုထမ်းကို တက်ရောက်ခြင်း ဖြစ်ပါတယ်။ ကိုယ်ဝါသနာပါတာလဲဖြစ်သလို ကိုယ့်မိဘတွေကလည်း လိုက်ပြီးတော့ လိုက်လျောညီထွေ စွာနဲ့ တိုက်တွန်းပေးတယ်။ ပြီးတော့ ဒီမှာအပေါင်းအသင်းဘော်ဒါတွေလည်းရှိတော့ ပိုပြီး တော့ ပျော်ရွှင်ရပါတယ်။ ပြည်သူ့စစ်မှုထမ်းကို ပြဌာန်းလိုက်တဲ့အချိန်မှာဆိုရင်တော့ နိုင်ငံ သားတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံကို တာဝန်ယူ ကာကွယ်ရမယ်ဆိုပြီး သိရှိနားလည်လာ ပါတယ်။ ပြီးတော့မျိုးချစ်စိတ်ဓာတ်နဲ့ နိုင်ငံကိုကာကွယ်ချင်တဲ့ စိတ်လည်းဖြစ်လာပါလိမ့်မယ်။
၂။ တာဝန်သိတက်တဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ ကျွန်တော်ကျရာတာဝန်ကို လာ ရောက်ထမ်းဆောင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်သင်တန်းပြီးသွားလို့ တာဝန်ကျတဲ့တပ်ဌာန တွေမှာ ကျွန်တော် တာဝန်ကျေပွန်အောင် ထမ်းဆောင်သွာမယ်လို့ပြောချင်ပါတယ်။
၃။ ကျွန်တော်ကိုယ်တိုင်လည်း ဒီသင်တန်းကိုစိတ်ပါဝင်စားစွာ တက်ရောက်ဖို့ လာရောက် တက်ရောက်ခြင်းဖြစ်ပါတယ်။ အရမ်းကောင်းပါတယ်။ မြန်မာနိုင်ငံသားအားလုံးလည်း ပါဝင် ဖို့ဖိတ်ခေါ်ပါတယ်။ ကျွန်တော်အနေနဲ့သင်တန်းမှာ သင်ပြသွားမယ့် ဘာသာရပ်တိုင်းကို အကောင်းဆုံးနဲ့အတက်နိုင်ဆုံး ကြိုးစာပြီးတော့လေ့လာ သွားပါမယ်။ ဒီသင်တန်းအပတ်စဉ် (၂၄) ပြီးဆုံးသွားရင် ကျွန်တော်ရဲ့ကျရာ တာဝန်ကို တပ်ရင်းကပေးတဲ့တာဝန်ကို အကောင်း ဆုံးတာဝန်ထမ်းဆောင်သွားပါမယ်။








