ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့

Tuesday, April 21, 2026 - 16:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီ ဥက္ကဋ္ဌ နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ ဧပြီ - ၂၁

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထံ  တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီဥက္ကဋ္ဌ နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီ အတွင်းရေးမှူး H.E. Mr. Xu Qin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြု တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ရှည်ကြာကောင်းမွန်ခဲ့ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေးမူကြီး ၅ ရပ်နှင့်အညီ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်လျက် ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ဟေလုံကျန်းပြည်နယ်တို့အကြား ပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်မှု အခြေအနေ များ၊ နှစ်နိုင်ငံအဆင့်မြင့်ခေါင်းဆောင်များ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန် လည်ပတ်ခဲ့မှုအခြေအနေများ၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ၊ စက်မှုကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ လုံခြုံရေးကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍ၊  လူငယ်ကဏ္ဍနှင့် ပညာရေးကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်စေရေး နှစ်နိုင်ငံအကြား လယ်ယာထုတ်ကုန်ပစ္စည်းများ ထုတ်လုပ်ရေးနှင့် စိုက်ပျိုးရေးနည်း ပညာများတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်နိုင်သည့်အခြေအနေ များ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မှုအခြေအနေများ၊ နှစ်နိုင်ငံ အကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုများတိုးတက်စေရေး မြန်မာ-တရုတ် ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်မှု မြှင့်တင်ရေးအသင်း(MCITP)မှတစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တရုတ်နိုင်ငံ ဟာဘင်းမြို့နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့တို့ကို ညီအမမြို့များအဖြစ် သတ်မှတ်ဆောင်ရွက်နိုင်မှု အခြေ အနေများ၊ မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံ ဟေလုံကျန်းပြည်နယ်တို့အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့်အခြေအနေ များနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်း ပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်းကော်မတီဥက္ကဋ္ဌ နှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီအတွင်းရေးမှူးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ နှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းတို့ တက်ရောက်ကြပြီး တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဟေလုံကျန်းပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌနှင့် တရုတ်ကွန်မြူနစ်ပါတီ၏ ဟေလုံကျန်းပြည်နယ်ဆိုင်ရာကော်မတီ အတွင်း ရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိသည်။