သတ်မှတ်စစ်မှုထမ်းကာလပြည့်မြောက်ခဲ့သည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးလမ်းများတွင် မိသားစုဝင်များအပြင် ဒေသခံပြည်သူများကပါ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆို နေပြည်တော်၊ ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၁

Tuesday, April 21, 2026 - 16:00

‌         “နိုင်ငံတစ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ ခိုင်မြဲ ရေးအတွက် နိုင်ငံသားတိုင်းတွင်တာဝန်ရှိသည်” ဟူသည့် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ပြဋ္ဌာန်းချက်များကို လက်တွေ့ အကောင်အထည်ဖော်ခဲ့သည့်  ပြည်သူ့စစ်မှုထမ်းဥပဒေအရ မိမိဆန္ဒအလျောက် စိတ် အားထက်သန်စွာပါဝင်စာရင်းပေးခဲ့သော ပြည်သူ့စစ်မှုထမ်းများကို သင်တန်းအမှတ် စဉ်များအလိုက် ခေါ်ယူလေ့ကျင့်ပေးပြီး တပ်ရင်း/ တပ်ဖွဲ့အသီးသီး၌ တာဝန်ထမ်း ဆောင်စေလျက်ရှိသည်။  

ထိုသို့ တပ်ရင်း/တပ်ဖွဲ့များ၌ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ပြည်သူစစ်မှုထမ်း သင်တန်း အမှတ်စဉ်(၁/၂၀၂၄)မှ ပြည်သူ့စစ်မှုထမ်းများသည် သတ်မှတ်စစ်မှုထမ်း ကာလ ပြည့်မြောက်ခဲ့သဖြင့် ပြည်သူ့စစ်မှုထမ်းဆောင်ပြီးကြောင်းလက်မှတ်၊ ပြည်သူ့ စစ်မှုထမ်း တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို တိုင်းစစ်ဌာနချုပ်အသီးသီး၌ အခမ်း အနားများဖြင့် ချီးမြှင့်အပ်နှင်းပေးအပ်ခဲ့ပြီး မိသားစုဝင်များထံသို့လည်းကောင်း၊ ၎င်းတို့၏နေရပ် အသီးသီးသို့လည်းကောင်း ပြန်လည်အပ်နှင်းစေလွှတ်ခဲ့ပြီး ဖြစ်သည်။

           ထိုသို့ နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း၊ တပ်မတော်အတွက် စစ်သည်တော် ကောင်းတစ်ဦးပီသစွာ တာဝန်များကို ကျေပွန်စွာထမ်းဆောင်လာခဲ့ကြသည့် ပြည်သူ့ စစ်မှုထမ်းများ၏ အိမ်အပြန်ခရီးများတွင်လည်း ၎င်းတို့၏ အောင်မြင်စွာနှင့် ကျေပွန်စွာ တာဝန်ထမ်း ဆောင်ခဲ့မှုအပေါ် မိသားစုဝင်များသာမက ဒေသခံပြည်သူများကပါ ဝမ်းသာဂုဏ်ယူမဆုံးဖြင့် သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအသီးသီး၌ ဂုဏ်ပြု ပန်းခြင်းများ၊ အောင်သပြေပန်းခက်များ၊ အိုးစည်ဒိုးပတ်များဖြင့် စည်စည်ကားကား သိုက်သိုက်ဝန်းဝန်း ဂုဏ်ပြုကြိုဆိုခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။ တာဝန်ပြီးမြောက်၍ မိသားစုများထံသို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူ့စစ်မှုများအနေဖြင့် တပ်မတော် သားတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရခြင်းအပေါ် ဂုဏ်ယူဝမ်းမြောက်မှု၊ နိုင်ငံတော် ကပေးအပ်သည့် တာဝန်များကို ကျေပွန်စွာထမ်းဆောင်ခဲ့မှုအပေါ် ဝမ်းမြောက်မှု၊ မိသားစုဝင်များနှင့် ပြန်လည်ဆုံဆည်းရခြင်းအပေါ် ပျော်ရွှင်ရမှုနှင့် ၎င်းတို့အပေါ် မိသားစုနှင့် ပတ်ဝန်းကျင်ကပါ ဂုဏ်ယူလေးစားစွာ ကြိုဆိုခဲ့မှုအပေါ် ကြည်နူး ဂုဏ်ယူရမှုတို့ကို ၎င်းတို့၏ အိမ်ပြန်ခရီးကြိုဆိုမှု မြင်ကွင်းများကို လူမှုကွန်ယက် စာမျက်နှာများတွင် ယခုကဲ့သို့ တွေ့မြင်ရပါသည်။

          အဆိုပါ နိုင်ငံ့သားကောင်းစစ်မှုထမ်းများသည် စစ်မှုထမ်းဆောင်နေစဉ်ကာလ အတွင်း နိုင်ငံတော်နှင့် တပ်မတော်က ပေးအပ်လာသော ကာကွယ်ရေးတာဝန်၊ လုံခြုံရေးတာဝန်များနှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာချိန်တွင် ကူညီကယ် ဆယ်ရေးတာဝန်များကို ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံကာ အမြဲတမ်း စစ်မှုထမ်းများနှင့်အတူ တာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြသူများဖြစ်သည်။

          ထို့ကြောင့် နိုင်ငံတော်နှင့်တပ်မတော်အနေဖြင့်လည်း ၎င်းတို့စစ်မှုထမ်းဆောင်စဉ် ကာလတစ် လျှောက်တွင် ရသင့်ရထိုက်သည့် အကျိုးခံစားခွင့်များ၊ လစာ၊ ရိက္ခာနှင့် အခြားထောက်ပံ့မှုများ ရရှိစေရေးအတွက် စနစ်တကျ ဆောင်ရွက်ပေးခဲ့သည့်အပြင် စစ်မှုထမ်းကာလပြီးမြောက်ပါက အလုပ်အကိုင်ရရှိရေးများနှင့် ပတ်သက်၍လည်း ၎င်း တို့ဆန္ဒပြုသည့် အလုပ်အကိုင်များကို သတ်မှတ်ချက်များနှင့်အညီ ခန့်အပ်ပေးနိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပြည်တွင်း/ပြည်ပ အလုပ်အကိုင်ခန့်အပ်ပေး နိုင်ရေး လုပ်ငန်းကော်မတီများနှင့် ချိတ်ဆက်၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။