တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ရေကစား မဏ္ဍပ်ပိတ်ပွဲများ ပြုလုပ် နေပြည်တော်၊ ၂၀၂၆ ဧပြီ - ၁၇

Friday, April 17, 2026 - 16:15

          မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ရေကစား မဏ္ဍပ်ပိတ်ပွဲများကို မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ဧပြီ ၁၆ ရက် ညနေပိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိမြို့နယ်များ၊ တိုင်းစစ်ဌာနချုပ်အသီးသီးရှိ ရေကစား မဏ္ဍပ်များ၌ ပြုလုပ်ကြရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ တိုင်း စစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစု များ၊ ယိမ်းအကအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ရေကစားမဏ္ဍပ်ပိတ်ပွဲများကို နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ မိသားစု မြန်မာ့ ရိုးရာအတာသင်္ကြန်မဏ္ဍပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် နှစ်ဦးအားမာန်နေဝန်းနီသင်္ကြန် အတာရေကစားမဏ္ဍပ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်ရှိ ရွှေနေကြာရေကစားမဏ္ဍပ်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် ရွှေတြိဂံမိသားစုမဟာ သင်္ကြန်မဏ္ဍပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ရေကစားမဏ္ဍပ်၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်ရှိ ပုလဲရွှေပြည်ရေကစားမဏ္ဍပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် မိသားစု မဟာသင်္ကြန် ရေသဘင်ပွဲတော်ရေကစားမဏ္ဍပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ရေကစား မဏ္ဍပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဗဟိုမဏ္ဍပ်၊ အလယ်ပိုင်းတိုင်းစစ် ဌာနချုပ်ရှိ နန်းမြို့သူမဟာသင်္ကြန် မဏ္ဍပ်၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် ဗဟိုမဏ္ဍပ် နှင့် တပ်နယ်အသီးသီးရှိ ရေကစားမဏ္ဍပ်များ၌ အသီးသီးပြုလုပ်ကြရာ တိုင်းမှူး များက နှစ်သစ်ကူးနှုတ်ခွန်းဆက်မင်္ဂလာစကားများ ပြောကြားကြပြီး သင်္ကြန်ယိမ်း ပြိုင်ပွဲများတွင် ဆုရရှိကြသည့် ပြိုင်ပွဲဝင်ယိမ်းအဖွဲ့များအား တိုင်းစစ်ဌာန ချုပ်အလိုက် တိုင်းမှူးများနဲ့ တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့် ကြသည်။ထို့ပြင် မြန်မာ့ရိုးရာအတာသင်္ကြန်အတက်နေ့ သင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်း အနားများတွင် ပါဝင်တက်ရောက်ဆင်နွှဲကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များကို စတုဒီသာ များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

          ထို့နောက် သင်္ကြန်ယိမ်းအဖွဲ့များနှင့် တေးသံရှင်များ၏ သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြပြီး အတာရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာပိတ်သိမ်းခဲ့ကြ ကြောင်း သတင်းရရှိသည်။