ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ် နှင့် နေပြည်တော် လမ်းလျှောက်သင်္ကြန်တို့သို့ လှည့်လည်ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးညိုစောနှင့် ဇနီး ဒေါ်စမ်းစမ်းအေး တို့သည် ယနေ့တွင် နေပြည်တော် မြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်၊ ပျဉ်းမနားမြို့နယ်နှင့် နေပြည်တော် လမ်းလျှောက် သင်္ကြန်တို့သို့ သွားရောက်၍ မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ သင်္ကြန်ပွဲတော်ဆင်နွှဲနေ မှုများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ဦးစွာ ဒုတိယသမ္မတနှင့် ဇနီးတို့သည် နေပြည်တော်မြို့တော်ဝန် မဟာသင်္ကြန် မဏ္ဍပ်သို့ ရောက်ရှိကြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော် ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော်တေးသံရှင်များ၏ သီဆိုဖျော်ဖြေ မှုများ နှင့် ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေမှုတို့ကို ကြည့်ရှုအား ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတနှင့် ဇနီးတို့သည် ပျဉ်းမနားမြို့နယ် လမ်းလျှောက် သင်္ကြန်ပွဲတော်သို့ သွားရောက်၍ ဗဟိုမဏ္ဍပ်၌ အဆိုတော်များ၏ သီဆိုဖျော်ဖြေမှုများ၊ သင်္ကြန်ယိမ်း အဖွဲ့များ၏ ကပြ ဖျော်ဖြေမှုများနှင့် ပြည်သူများ သင်္ကြန်ပွဲတော်၌ တပျော်တပါး ပါဝင်ဆင်နွှဲနေမှု များကို ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဒုတိယသမ္မတနှင့် ဇနီးတို့သည် ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးအောင်လင်းဒွေးနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အတူ နေပြည်တော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနေသည့် နေပြည်တော် လမ်းလျှောက်သင်္ကြန်သို့ သွားရောက်၍ ဝန်ကြီးဌာန အလိုက် ရေကစားမဏ္ဍပ်များတွင် ပြည်သူများ စိတ်အေးချမ်းပျော်ရွှင်စွာ အတာရေသဘင်ပွဲဆင်နွှဲနေမှုများကို ကြည့်ရှုအားပေးပြီး ပြည်သူ များနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပါဝင်ဆင်နွှဲခဲ့ သည်။