ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ တက်ရောက်ကြည့်ရှုအားပေး
နေပြည်တော် ဧပြီ ၁၆
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာ့ရိုးရာသင်္ကြန်အစဉ်အလာနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည့် နေပြည်တော်မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်သို့ သွားရောက်၍ သင်္ကြန်ပွဲတော်ဆင်နွှဲနေမှုကို တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် နေပြည်တော်မြို့တော်ဝန်မဟာ သင်္ကြန်မဏ္ဍပ်သို့ ရောက်ရှိရာ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း နှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေးသည် ပြည်ထောင်စုဝန်ကြီး ဦးသန်းမောင်နှင့်ဇနီး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ မြို့တော်ဝန် ဦးကံမြင့်သန်းနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ မြန်မာ့ အသံနှင့်ရုပ်မြင်သံကြား ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် တွဲဖက်၍ နိုင်ငံကျော် အနုပညာ ရှင်များ၊ တေးသံရှင်များက လာရောက်ပါဝင်ဆင်နွှဲကြသည့် သင်္ကြန်ချစ် ပရိသတ် များအကြိုက် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကိုလည်းကောင်း ဝန်ကြီး ဌာန များ၊ အသင်းအဖွဲ့များ၊ ခရိုင်နှင့်မြို့နယ် များမှ သင်္ကြန်ယိမ်းအဖွဲ့များ၏ ကပြဖျော်ဖြေ မှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး ကပြဖျော်ဖြေခဲ့ကြသည့် ယိမ်းအဖွဲ့များကို ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။