နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသား ပြည်သူများ စိတ်အေးချမ်းသာစွာ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် အသက် အိုးအိမ်စည်းစိမ်ဥစ္စာလုံခြုံမှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းက လေးဒေသတစ်ဝိုက် နယ်မြေလုံခြုံရေးတာဝန်များနှင့် စစ်ဆင်ရေးတာဝန်များကို နေ့မအားညမနားစွမ်းစွမ်းတမံ တာဝန်ထမ်းဆောင်ခဲ့သော ရှေ့တန်းပြန် နိုင်ငံ့သား ကောင်းတပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုခြင်းကို ယနေ့ညနေပိုင်းတွင် ဧရာဝတီ တိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ပြုလုပ်ရာ အနောက် တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများက အောင်သပြေခက်များ၊ အိုးစည်ဒိုးပတ် အတီး၊ အမှုတ်၊ အက၊ အခုန်များဖြင့် ဝမ်းမြောက်စွာ သောင်းသောင်းဖြဖြ တက်ရောက် ကြိုဆိုဂုဏ်ပြုခဲ့ကြကြောင်း သတင်းရရှိသည်။
