ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ ဧပြီ - ၁၀

Friday, April 10, 2026 - 17:30

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၁၀

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် ဘယ်လာရုစ် နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Igor SERGYENKO ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌   လာရောက်ဂါရဝပြုတွေ့ဆုံသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တို့ တက်ရောက် ကြပြီး ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ်နိုင်ငံသံအမတ်ကြီး H.E. Uladzimir BARAVIKOU နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် ဘယ်လာရုစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့အနေဖြင့် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တက်ရောက်ခွင့်ရသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက် လျက်ရှိမှု အခြေအနေများ၊ မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံ အကြား နိုင်ငံ့ခေါင်းဆောင်များနှင့် အဆင့်မြင့်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်သွားရောက်မှု အခြေအနေများ၊ စီးပွားရေးကဏ္ဍ၊ ကုန်သွယ်ရေးကဏ္ဍ၊ စက်မှုစိုက်ပျိုးမွေးမြူရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ ခရီးသွားကဏ္ဍ၊ ယဉ်ကျေးမှုကဏ္ဍများ ၌ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လွှတ်တော် နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက် ၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

          ထို့နောက် နိုင်ငံတော်သမ္မတထံ ဘယ်လာရုစ်နိုင်ငံ သမ္မတ မစ္စတာ လူကာရှန်ကို ကပေးအပ်လိုက်သည့် သမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခံရခြင်း အထိမ်းအမှတ် ဂုဏ်ပြု လက်ဆောင်အား ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် ထံလက်ရောက်ပေးအပ်သည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော် ဥက္ကဋ္ဌတို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက် ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိ သည်။