ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ နေပြည်တော်၊ ဧပြီ - ၁၀

Friday, April 10, 2026 - 17:30

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်‌ သမ္မတ ဦးမင်းအောင်လှိုင် ထံ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ

နေပြည်တော်၊ ဧပြီ - ၁၀

          ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင်ထံ နိုင်ငံတော် သမ္မတအဖြစ် ကတိသစ္စာပြုခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့်ရုရှား ဖက်ဒရေး ရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ H.E. Mr. Sholban KARA-OOL  ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ၏ ဧည့် ဆောင်တော်၌  လာရောက်ဂါရဝပြုတွေ့ဆုံသည်။

          အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ သမ္မတရုံးဝန်ကြီး ဦးခင်မောင်ရီ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေတို့ တက်ရောက် ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အတူ မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Iskander AZIZOV နှင့် တာဝန် ရှိသူများ တက်ရောက် ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒူးမားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အနေဖြင့် သမ္မတကြီး ဦးမင်းအောင်လှိုင် ၏ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ခဲ့မှုအခြေအနေများ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ပူးပေါင်းဆောင် ရွက်မှုများတိုးတက်ကောင်းမွန်လျက်ရှိပြီး ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေနိုင်ငံများဖြစ် သည့်အခြေအနေများ၊ နှစ်နိုင်ငံလွှတ်တော်များအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုး မြှင့် ဆောင်ရွက်သွားမည့်အခြေအနေများ၊ နိုင်ငံတကာမျက်နှာစာတွင် ရုရှားနိုင်ငံအနေ ဖြင့် မြန်မာနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊  နှစ်နိုင်ငံ အကြား ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ဆောင်ရွက်သွားမည့် အခြေ အနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။

          တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဒူးမား လွှတ်တော် ဒုတိယဥက္ကဋ္ဌ တို့သည် တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။