အလွတ်သဘောဘာသာပြန်ဆိုချက်
ရက်စွဲ၊ ၇-၄-၂၀၂၆ စာအမှတ်၊ ဘီ-၂၅၄၆-ဒ၀၁-ယူ
သို့
ဦးမင်းအောင်လှိုင်
သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
လေးစားအပ်ပါသော သမ္မတကြီးခင်ဗျား၊
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတအဖြစ် တာဝန်စတင်ထမ်းဆောင်သည့်အတွက် ကြောင့် ကျွန်ုပ်အနေဖြင့် အထူးပင် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ဖော်ပြအပ်ပါသည်။
ယခုကဲ့သို့ မြင့်မြတ်လှသော တာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခံရခြင်းသည် နိုင်ငံတော် တည်ငြိမ်ရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အဆွေတော် ၏ ကြိုးပမ်းအားထုတ်မှုများကို ပြည်သူလူထုတစ်ရပ်လုံးက အသိအမှတ်ပြုကြောင်း ခိုင်မာသော သက်သေအထောက်အထားပင် ဖြစ်ပါသည်။
ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှုများ အထူးသဖြင့် အာကာသစူးစမ်းလေ့လာရေးကဲ့သို့သော အရေးကြီးသည့် နယ်ပယ်များတွင် အဆွေတော်၏ အစဉ်တစိုက် ပံ့ပိုးကူညီမှုများကို ကျွန်ုပ်တို့ အထူးပင်တန်ဖိုးထားပါသည်။ အဆွေတော်၏ ခိုင်မာသော ရပ်တည်ချက်နှင့် အလေးထား ဆောင်ရွက်မှုတို့ကြောင့် အဆိုပါကဏ္ဍတွင် သိသာထင်ရှားသော တိုးတက်မှုများ ရရှိခဲ့ပါသည်။
နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင် ဆက်လက် ဆောင်ရွက်သွားရန် အဆင်သင့်ရှိပါကြောင်း ထပ်လောင်းပြောကြားအပ်ပါသည်။
အဆွေတော်နှင့်တကွ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားအားလုံး ကျန်းမာချမ်းသာပါ စေကြောင်းနှင့် ငြိမ်းချမ်းပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
လေးစားစွာဖြင့်
Dmitry Vladimirovich Bakanov
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အစိုးရအကြံပေး(ပထမတန်း)
အထွေထွေညွှန်ကြားရေးမှူးချုပ်၊နိုင်ငံပိုင် Roscomos ကော်ပိုးရေးရှင်း
