တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ပြုမည် နေပြည်တော် ဧပြီ ၅

Sunday, April 5, 2026 - 16:30

တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများကို ရထားနှင့်လေယာဉ်အခမဲ့စီးနင်းခွင့်ပြုမည်

နေပြည်တော် ဧပြီ ၅

              တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် အောင်ဆန်းသူရိယ ဘွဲ့၊ သီဟသူရဘွဲ့နှင့် သူရဘွဲ့ ရရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူး ဆောင်တံဆိပ်ဖြစ်သည့် ရဲသီဟတံဆိပ်၊ ရဲသူရတံဆိပ်ရရှိသူများနှင့် ၎င်းတို့၏ ဇနီး သို့မဟုတ် ခင်ပွန်းများ၊ သား၊ သမီးများအား မြန်မာ့မီးရထားအထက်တန်းအခမဲ့ စီးနင်းခွင့်နှင့် မြန်မာ့မီးရထား စီးနင်းခြင်း မပြုနိုင်သော ဒေသများအတွက် နိုင်ငံပိုင်လေကြောင်းလိုင်းအား တစ်နှစ်လျှင် အသွား / အပြန် နှစ်ကြိမ် အခမဲ့ စီးနင်းခွင့်ပြုသွားမည်ဖြစ်သည်။ ယခုကဲ့သို့ ခံစား ခွင့်ရှိသူများသည် နီးစပ်ရာ မြန်မာ့မီးရထားဘူတာရုံများတွင် ဂုဏ်ထူးဆောင်ဘွဲ့နှင့် ဂုဏ်ထူးဆောင်တံဆိပ် ရရှိထားကြောင်း အထောက်အထားပြသ၍ မှတ်ပုံတင်စာရင်းသွင်း ကြရမည်ဖြစ်ပြီး မြန်မာ့မီးရထားမှ Smart Card များ ထုတ်ပေးသွားမည်ဖြစ်ပါသည်။ ခရီး သွားလာသည့်အခါ သက်ဆိုင်ရာဌာနများတွင် Smart Card များပြသ၍ မီးရထားလက်မှတ်၊ လေယာဉ်လက်မှတ်များ ထုတ်ယူရန်ဖြစ်ပါသည်။ စတင်မှတ်ပုံတင်စာရင်းသွင်းရမည့် နေ့ရက် ကို အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ