နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်   KIA ၊ KPDF  နှင့် PDF အမည်ခံအဖွဲ့ဝင် ၈ ဦးတို့သည်  လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့  ဝင်ရောက် နေပြည်တော်၊ ၂၀၂၆ ဧပြီ ၄

Saturday, April 4, 2026 - 18:30

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့်   KIA ၊ KPDF  နှင့် PDF အမည်ခံအဖွဲ့ဝင် ၈ ဦးတို့သည်  လက်နက်ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့  ဝင်ရောက်

နေပြည်တော်၊ ၂၀၂၆ ဧပြီ ၄

            နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုး မျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် KIA ၊ KPDF  နှင့် PDF အမည်ခံအဖွဲ့မှ အဖွဲ့ဝင် အမျိုးသား ၈ ဦး တို့သည် လက်နက်ခဲယမ်းများနှင့်အတူ  ဉပဒေဘောင်အတွင်းသို့  ထပ်မံဝင်ရောက်လာ ကြသည်။

            ထိုသို့ ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် KIA အဖွဲ့ဝင် အမျိုးသား ၁ ဦး၊ KPDF အဖွဲ့ဝင် အမျိုးသား ၁ ဦးနှင့်  PDF အမည်ခံအဖွဲ့ဝင် အမျိုးသား ၆ ဦး၊ စုစုပေါင်း အမျိုးသား ၈ ဦး တို့ကို တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ ကချင်ပြည်နယ်ဝန် ကြီးချုပ် ဦးခတ်ထိန်နန်း၊ တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာခဲ့ကြသူ များ နှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။

ဦးစွာ  ပြည်နယ်ဝန်ချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးမှ အလင်းဝင် ရောက်လာသူ လူငယ်များအား အသိပညာပေး ရှင်းလင်းပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် MA-1 သေနတ် ၁ လက်၊ MA-4 သေနတ် ၁ လက်၊ M-22 သေနတ် ၁ လက်၊ K-25 လောင်ချာ ၂ လက်၊ K-25 သေနတ် ၁လက်၊   M-23 စက်လက် ၁ လက်၊ M-80 တရုတ်စက်လက် ၁ လက်၊ Type-81 သေနတ် ၁ လက်၊ MG-1 လက်ပစ်ဗုံး ၁ လုံး၊ ၄၀ မမဗုံးသီး ၁၀ လုံး၊ ၅ ဒသမ ၅၆ မမကျည် ၃၂၆ တောင့်၊ ၇ ဒသမ ၆၂ မမ ကျည် ၄၀၅ တောင့်၊ ကျည်ခါးပတ်တွဲ ၁ ခု၊ ကျည်အိမ်မျိုးစုံ ၁၅ ခုနှင့် ဆက်စပ်ပစ္စည်းများကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက်  တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား   မောင်းပြန်ရိုင်ဖယ် ၄ လက် အတွက် ငွေကျပ်သိန်း ၂၀၀၊ စက်လက် ၂ လက်အတွက် ငွေကျပ်သိန်း ၁၀၀၊ MA-4 ၁ လက်အတွက် ငွေကျပ် ၇၅ သိန်း၊ K-25 လောင်ချာ ၂ လက်အတွက် ငွေကျပ် သိန်း ၁၅၀ ၊ MG-1 လက်ပစ်ဗုံး ၁ လုံးအတွက် ငွေကျပ် ၃ သိန်း၊ စုစုပေါင်းငွေကျပ် ၅၂၈ သိန်းနှင့် အလင်းဝင် ရောက်လာသူများအတွက် ငွေကျပ်သိန်း ၈၀ ၊ စုစုပေါင်းငွေကျပ်  ၆၀၈ သိန်းကို ပေးအပ်ပြီး ဝန်ခံကတိလက်မှတ်ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် လာသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေး ပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုးရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်း ခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုများကျူးလွန်ခြင်း၊  အနေအစား ဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော် ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဉပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ကြားသိရပါသည်။

ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ

(၄-၄-၂၀၂၆)

၁။      ကျွန်တော် ရွှေမျောလုပ်ရင်းနဲ့ ပေါ်တာဆွဲခံရတာ ဖြစ်ပါတယ်။ ဆွဲတာက KIA တွေ ဆွဲတာ။ ပြီးတော့ ကျွန်တော့်ကို သင်တန်းကွင်းကို ပို့တယ်။ ပို့ပြီးမှ သင်တန်းကွင်းထဲမှာ Training ပေး၊ ပေးပြီးမှ သူတို့ တစ်ခါ ရှေ့တန်းဆိုပြီးမှ ပြန်ပို့လိုက်တာ ညောင်ပင်ဘက်ကို ပို့လိုက်ပါတယ်။ တစ်ခါတစ်လေကျလည်း ထမင်းသိုးတွေကို မနက်စာနဲ့ ညစာ ပေါင်းစား ရတယ်။ သူတို့ ထောက်ပို့အခြေအနေ ဘာညာ မကောင်းဘူးဆိုပြီးမှ အဲ့လိုမျိုး နေခဲ့ရတယ် ကျွန်တော်တို့မှာ။

​ကျွန်တော်တို့အရှေ့မှာ နေရတာတွေက PDF တွေချည်းပဲ နေရတာ။ KIA က အနောက်မှာပဲ နေတာဗျ။ အရှေ့မှာနေတဲ့ PDF လူငယ်တွေ၊ ကျွန်တော့်မြန်မာလိုမျိုးတွေ၊ အဲ့ဒီမှာ အရှေ့မှာ တာဝန်ထမ်းဆောင်နေတဲ့ လူတွေက ကျည်ကာမပါဘာမပါနဲ့ ဒီတိုင်း သေနတ်တစ်လက်နဲ့ ပေါ့နော်။ သူတိုပေးတဲ့ ကျည်ဆံနဲ့ အရှေ့မှာ စစ်တိုက်ခိုင်းတယ်။ အဲ့လိုမျိုး နေခဲ့ရတယ်ဗျ။ အနောက်မှာနေတဲ့ KIA ကျတော့ Equipment တွေဘာညာ အပြည့်အစုံနဲ့ သူတို့က ကျည်ကာ Equipment ဘာညာ အပြည့်အစုံနဲ့ သူတို့နေရတယ်။

​          ပြီးတော့ သူတို့ရွာရပ်ရွာနေရာမှာပဲ သူတို့ အုပ်ချုပ်တယ်။ အခွန်တွေဘာညာ ကောက် တယ်။ ကျွန်တော်တို့ PDF လူငယ်တွေအတွက် ဘာမှမရှိ မရပါဘူး။ သူတို့အတွက် သက် သက်မဲ့ပဲ ပေးဆပ်နေရတာပါ။ သူတို့ကျတော့ အနောက်မှာပဲ ကြည့်လွတ်မြေမှာပဲ သူတို့ နေကြတယ်ဗျ။ ဘာလို့လဲဆိုတော့ ပြည်သူ့ကာကွယ်ရေးနဲ့ ပေါင်းတယ်ဆိုပြီးမှ သူတို့ နာမည်ခံ မှတ်ယူတာ။ ရွာထဲမှာရပ်ထဲမှာကျရင် လုံးဝ အိမ်ပိတ်ထားတဲ့ဟာတွေဆိုရင် အိမ်တွေကို ဖောက်တယ်။ အဲ့မှာရှိတဲ့ သယံဇာတတွေ တစ်ခုခုပေါ့ တန်ဖိုးရှိတဲ့ဟာတွေ။ နောက်ဆုံး ကျွန်တော်မြင်ခဲ့တာ ပြောရမယ်ဆိုရင်တော့ စက်ချုပ်တဲ့ အပ်ချုပ်စက်တွေကအစ၊ အိုးခွက်ပန်းကန်တွေ အဲ့ဒါတွေကအစ သူတို့ ယူတယ်၊ သိမ်းတယ်။ အိမ်မှုကိစ္စ ပရိဘောဂ ပစ္စည်းတွေ သူတို့မှာမရှိတဲ့ဟာ သူတို့ယူတယ်။ ပြည်သူ့ကာကွယ်တယ်ဆိုပြီးမှ ဒါတွေ မဟုတ်ဘူး၊ မှားတယ်။ တကယ်တမ်းကျတော့ ကျွန်တော်တို့ရှေ့တန်း ရဲဘော်တွေ အခု PDF တွေက ပေးဆပ်ရတာ၊ အနောက်မှာ သူတို့ပဲ သိမ်းကျုံးယူတယ်ဗျ။

​          ကျွန်တော်တို့မှာ မိုးကာအစုတ်လေးတွေနဲ့ အဲ့လို မြောင်းကြိုမြောင်းကြားထဲမှာ၊ ခြုံကြိုခြုံကြားထဲမှာ အိပ်ပြီးမှ နေရတာ။  ပို့တာလည်း ထမင်းထုပ်လေး တစ်ထုပ်နဲ့။ ဟင်း ကတော့ ကောင်းတစ်ခါရှိသလို မကောင်းတစ်ခါလည်း ရှိတယ်။ အလင်းဝင်ရောက်လာ တဲ့အချိန်မှာ အစကတော့ကျွန်တော်တို့က ကြောက်ခဲ့တာပေါ့။ တပ်မတော်ဘက်က အန္တရာယ်ပြုမှာတို့၊ ထောင်ချမှာတို့၊ သတ်ဖြတ်မှာတို့ ထင်ခဲ့တာ။ တကယ်တော့ အဲ့လိုမျိုး မဟုတ်ဘူး။ ဒီရောက်တော့ တကယ့်ညီအစ်ကိုအရင်းအချာလိုပဲ။ မိသားစု ဝေးကွာခဲ့တဲ့ မိသားစုကို ပြန်ပြီး ဆုံတွေ့ရသလို ပျော်ပျော်ပါးပါးနဲ့ အဲ့လိုမျိုး ကြိုဆိုတယ်ဗျ။ နွေးနွေး ထွေးထွေးနဲ့။ "မကြောက်နဲ့ ငါ့ညီ အစ်ကိုတို့ရှိတယ်၊ မင်းတို အမှန်တရားကို မြင်လာတာ ငါတို့ အရမ်းဝမ်းသာတယ်" ဆိုတဲ့ စကားလုံးတွေလည်း ကြားခဲ့ရတယ်။ ကျွန်တော်တို့မှာ အဲ့ဒါတွေ အားရှိခဲ့ရတယ်။

​          ညီအစ်ကိုတွေ ပြန်ဖိတ်ခေါ်ချင်ပါတယ်။ အမြန်ဆုံး လာခဲ့ကြပါ၊ အမြန်ဆုံး အလင်းဝင်လာခဲ့ကြပါ။ တပ်မတော်က နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါတယ်။ လက်ဖျား နဲ့တောင်မှ မတို့ပါဘူး။ ကောင်းကောင်းမွန်မွန် နွေးနွေးထွေးထွေးနဲ့ ကောင်းကောင်းမွန်မွန် ထားပေးတယ်၊ကျွေးမွေးတယ်။ ပြီးရင်ကျွန်တော့် မိဘရပ်ထံကို အပ်နှံပေးတယ်။ ခြိမ်းခြောက် တာတို၊ ရိုက်နှက်တာတို ဘာမှ မရှိပါဘူးဗျ။ ကျွန်တော်တို့ကိုယ်တွေ့ပါပဲ။

၂။       ​ကျွန်တော် PDF အကြမ်းဖက်အဖွဲအစည်းတွေရဲ့ စည်းရုံးလှုဆော်မှုကို နားယောင် ပြီးတော့ PDF အကြမ်းဖက်အဖွဲအစည်းဆီကို ရောက်ရှိခဲ့ပါတယ်။ ပြီးတော့ တပ်မဟာ-၇  အပတ်စဉ် (၃) မှာ သင်တန်းတက်ရောက်ခဲ့ပါတယ်။ သင်တန်းကာလအတွင်း ကျွန်တော် တို့တွေ အခက်အခဲကြမ်းတမ်းပါတယ်။ အစားအသောက်အပိုင်းကအစ ဆေးဝါးပါအဆုံး ကျွန်တော်တို့မှာ ဆင်းရဲခဲ့ရပါတယ်။ သူတို့အရာရှိတွေဆိုရင် ဆန်ကောင်းစားနဲ့ ဟင်းကောင်း စားနဲ့ အမြဲတမ်း စားကြပါတယ်။ ပြီးရင်လည်း သင်တန်းကာလမှာလည်း ကျွန်တော်တို့ကို ရိုင်းစိုင်းစွာ ဆက်ဆံပါတယ်။ ရဲမေတွေအပေါ်ကိုလည်း ထိပါးရီပါးတွေနဲ့လည်း ဆက်ဆံကြ ပါတယ်။ အချို့ရဲဘော်တွေဆိုရင် မနေချင်လို့ ထွက်ပြေးတဲ့အခါဆိုရင် ပြန်လည်ခုခံတယ် ဆိုရင် သေနတ်နဲ့ ပစ်ခတ်တာတွေရှိသလို နောက်ပြန်ကြိုးနဲ့ တုတ်နှောင်ဖမ်းဆီး တာတွေ လည်း ရှိပါတယ်။

​          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ကို ရောက်ဖိုဆိုပြီးမှ ဝိုင်းမော်ဘက်ကို ကျွန်တော်တို့ ကို သွားဖိုဆိုပြီးမှ ပြောပါတယ်။ အစကတော့ ဝိုင်းမော်လို့တောင် ကျွန်တော်တို့ကို မပြော ပါဘူး။ သူတို့ ထိန်းသိမ်းထားတဲ့ ကချင်ပြည်နယ်ဘက်မှာ သူတို့ ထိန်းသိမ်းထားတဲ့ နယ်မြေ တစ်ခုမှာ ဘာမှမရှိတော့ဘူးပေါ့၊ မြို့အစုတ်လေးပဲ နေပေးရမှာ ခဏနေပြီး ပြန်ခဲ့ရမှာလို့ လည်း ကျွန်တော်တို့ကို ပြောပါတယ်။  ဒီရောက်တော့ ကျွန်တော်တို့ကို လှိုင်သာ ပို့ပါတယ်။ လှိုင်သာ ရောက်ပြီးမှ ကျွန်တော်တို့ မသိဘဲလိုက်ခဲ့ပေမဲ့ လှိုင်သာကို ပို့ပါတယ်။ လှိုင်သာ ရောက်တော့ လက်နက်ခဲယမ်း ထုတ်ပေးပြီးမှ ကျွန်တော်တို့ မြစ်ကြီးနားမြို့ဘက်ကို ကျွန်တော်တို့ရောက်ပါတယ်။ အချို့ခေါင်းဆောင်တွေဆိုရင် ရဲဘော်တွေ ခံစားခွင့်တောင်မှ ဘာမှမပေးဘဲနဲ့ သူတို့အိတ်ထဲကို သူတို့ရှိတဲ့ပိုက်ဆံကို သူတို့အိတ်ထဲ ထည့်တာတွေလည်း ရှိခဲ့ပါတယ်။ ကျွန်တော်တို့ကို KIA အသုံးချခံဆိုပြီးမှ အဲ့ဒီလိုပုံစံမျိုးနဲ့ ကျွန်တော်တို့ကို ပစ်ထားပါတယ်။

​          ကြားရတာလည်း ကျွန်တော်တို့ PDF အင်အား ဆိုရင် သူတို့က ရှေ့ကပဲ ထားပါတယ်။ သူတို့ KIA ဆိုရင် အင်အားအတောင့်အတင်းနဲ့ အနောက်မှာတွေပဲ အဲ့ဒီလိုပဲ နေပါတယ်။ PDF ဆိုရင်တော့ ဓားစာခံပုံစံမျိုး ဖြစ်တယ်ဗျ၊ သူတို့နယ်မြေကို မသိရင် ကျွန်တော်တို့က လာပြီးတော့ အသက်စတေးရတာနဲ့လည်း တူတယ်။ ဒါကြောင့် ကျွန်တော်ကလည်း အစကတည်းက မနေရဲမနေချင်ဘူးဆိုတော့ နီးစပ်ရာရဲစခန်းကို ဆက်သွယ်ပြီးမှ လက်နက်ချပြီးမှ အလင်းဝင်ခဲ့ပါတယ်။ အလင်းဝင်တဲ့အချိန်လည်း သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးကလည်း မိသားစုလို နွေးနွေးထွေးထွေးနဲ့ ကြိုဆိုပါတယ် ဖိတ်ခေါ်ပါတယ်။ ကျွန်တော်တို့ကို အကောင်းဆုံးလည်း အစားအသောက်၊ နေရေးထိုင်ရေး အားလုံး ကျန်းမာရေးပါအစအဆုံး အဲ့ဒီလို အကုန်လုံး ပြည့်ပြည့်စုံစုံ ထားပါတယ်။ ကျွန်တော်တို့ကိုက အခုလောလောဆယ် လက်နက်ခဲယမ်း ယူခဲ့တော့ နိုင်ငံတော်က ကျွန်တော်တို့ကို ထောက်ပံ့ ပေးတယ်ဆိုတာ ကျွန်တော်တို အစက သိပ်မသိခဲ့ရပါဘူး။ ဒီရောက်တော့လည်း ကျွန်တော် တို့ကို နိုင်ငံတော်မှ ထောက်ပံ့ပေးတယ်. အဲ့ဒါကြောင့်လည်း ကျွန်တော်တို့ အများကြီး ဝမ်းသာခဲ့ရပါတယ်။ ကျွန်တော်တို့ကို အိမ်လည်း ပြန်ပို့ဖို့အတွက်ဆိုပြီး သေချာ စီစဉ် ပေးပါတယ်။ ဒီရောက်ရင်လည်း ရဲဘော်တို့ ခြေဖျားလက်ဖျားတောင် မထိပါဘူး။ ရဲဘော်တို့ ထင်ထားတဲ့ နှိပ်စက်တယ် ညှဉ်းပန်းတယ်ဆိုတာလည်း မဟုတ်ပါဘူး။ ရဲဘော်တို့ ကျွန်တော် နေရတဲ့ပုံစံကိုပဲ ကြည့်ပါ၊ ကျွန်တော်တို့ အေးအေးဆေးဆေး နေရတယ်၊ ကောင်းကောင်း မွန်မွန် ထားတယ်၊ စားတာသောက်တာအစ သူတို့နဲ့တစ်တန်းတည်း ကျွေးပါတယ်၊ ဆက်ဆံ တာလည်း မိသားစုလို ဆက်ဆံပေးပါတယ်။ အကြမ်းဖက်အဖွဲအစည်းမှာ ရှိနေတဲ့ ညီကိုတွေ၊ လက်နက်ကိုင်အသီးသီးမှာရှိတဲ့ ညီကိုတွေကို တပ်မတော်ထံကို အလင်းဝင်ခဲ့ဖို ကျွန်တော်တို့ ဖိတ်ခေါ်ပါတယ်။