ချစ်ကြည်ရေးခရီးလည်ပတ်ရန်ရောက်ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် ပြန်လည်ထွက်ခွာ
နေပြည်တော်၊ ၂၀၂၆ ဧပြီ ၄
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးအလည်အပတ်ရောက် ရှိနေသည့် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Kraburi(FFG-457) သည် ယနေ့ညနေ ပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ပို့ဆောင်နှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်အား အဖွဲ့ခေါင်းဆောင်ဖြစ်သူ ထိုင်းဘုရင့်ရေတပ် 3rd Naval Area Command မှ Captain Natthawat Wichakul ဦးဆောင်၍ ချစ်ကြည်ရေးခရီးရောက် ရှိလာခြင်းဖြစ်ပြီး မတ်လ ၃၁ ရက်မှ ယနေ့ထိ ငါးရက်ကြာခရီးစဉ်အတွင်း ရန်ကုန်မြို့ရှိ အထင်ကရနေရာများသို့ လေ့လာရေးခရီးသွားရောက်ခြင်းနှင့် နှစ်နိုင်ငံရေတပ်ချစ်ကြည်ရေး အားကစားပြိုင်ပွဲများ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။

