ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည့်အတွက် အသင်း/အဖွဲ့များက အထူးဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာများ ထုတ်ပြန် နေပြည်တော်၊ ၂၀၂၆ ဧပြီ ၃

Saturday, April 4, 2026 - 02:45

       ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်တွင် ကျင်းပသည့် နိုင်ငံတော်သမ္မတ ရွေးချယ် တင်မြှောက်ပွဲ၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် အားလုံးပါဝင်သော နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့က ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့မှ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက်ထားသော ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခြင်းခံရသည့်အတွက် မြန်မာ-တရုတ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုမြှင့်တင်ရေးအသင်း(MCITP)၊ မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများ အသင်းချုပ် (Federation of MLCA)၊ မြန်မာ-အိန္ဒိယ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးနှင့် စီးပွားဖွံဖြိုးတိုးတက်ရေးအသင်း(MICA)၊ မြန်မာ-ကိုရီးယားချစ်ကြည်ရေးအသင်း၊ မြန်မာ-ဗီယက်နမ်ချစ်ကြည်ရေးအသင်း၊ မြန်မာ-တရုတ်ဗုဒ္ဓဘာသာချစ်ကြည်နှီးနှော ဖလှယ်ရေးအဖွဲ့(MCBFEA)၊ လူမျိုးပေါင်းစုံညီညွတ် ရေးနှင့်အကျိုးဆောင်အဖွဲ့(IUCO)၊ ဘာသာပေါင်းစုံမိတ်ဆွေများအဖွဲ့၊ မြန်မာ-တရုတ် အမျိုးသမီးများအသင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာ နိုင်ငံလုံးဆိုင်ရာ တမီလ်ဟိန္ဒူဖောင်ဒေး ရှင်း(ဗဟို)၊ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီဗဟိုကော်မတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာဟေးလုံကျန်း ကုန်သည်ကြီးများအသင်းချုပ်၊  မြန်မာ နိုင်ငံဘတ်စကတ်ဘောအဖွဲ့ချုပ်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၊ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း YMBA(ဗဟို)၊ မြန်မာ-လာအို ချစ်ကြည်ရေးအသင်း တို့က အထူးဂုဏ်ယူ ဝမ်းမြောက်ကြောင်း ကြေညာ ချက်များ ထုတ်ပြန်ခဲ့ကြသည်။

              အဆိုပါ ထုတ်ပြန်ကြေညာချက်များတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတအဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား ပြည်ထောင်စုလွှတ်တော် ကရွေးချယ်တင်မြှောက်ခဲ့သည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံတော် သမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ နှင့်ပြည့်စုံပြီး ကိုယ်စိတ်နှဖြာ ကျန်းမာရွှင်လမ်းစွာဖြင့် နိုင်ငံတော်၏ တာဝန်များကို ထမ်းဆောင် နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း ဂါရဝပြုအပ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာဝပြောပြီး ပိုမိုစည်ပင်ဖွံ့ဖြိုး တိုးတက်ပါစေ ကြောင်း စသည်ဖြင့် ပါရှိကြောင်း သိရှိရသည်။