သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့တွင် ပါဝင်သော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်းအဝေးကျင်းပ နေပြည်တော်၊ ၂၀၂၆ မတ် ၃၁

Tuesday, March 31, 2026 - 17:15

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများအရ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အစု အဖွဲ့က ဒုတိယသမ္မတရွေးချယ်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်ရဲကျော်သူက သဘာပတိအဖြစ်ဆောင်ရွက်ပြီး သဘာပတိက ယနေ့ ကျင်းပပြုလုပ်သည့်အစည်းအဝေးကို တက်ရောက်ခွင့်ရှိသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦးစလုံး တက်ရောက်သည့်အတွက် ရာခိုင်နှုန်း ပြည့်ဖြစ်သဖြင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့ အစည်း အဝေး အထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

ဦးစွာ သဘာပတိက ဒုတိယသမ္မတရွေးချယ်တင်မြှောက်ရေးဆိုင်ရာနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား ရှင်းလင်း ပြောကြားပြီး တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ် တင်မြှောက်မည့် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အဆိုပြုလွှာ များအား အခမ်းအနားမှူးမှတစ်ဆင့် သဘာပတိထံ တင်ပြခြင်းတို့ကို ဆောင်ရွက် ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် တပ်မတော်သားအမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဗိုလ်ချုပ်ကျော်သူရအေးက ဦးညိုစော (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်)အား တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယသမ္မတအဖြစ် အဆိုပြုတင်သွင်းရာ တပ်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်  ဗိုလ်မှူးချုပ် စိုးညွန့်က ထောက်ခံတင်သွင်းသည်။

ယင်းအဆိုတင်သွင်းမှုအပေါ် ကန့်ကွက်သူမရှိသဖြင့် ဦးညိုစော (ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊ ကိုကိုးကျွန်းမဲဆန္ဒနယ်) အား တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့က ရွေးချယ်တင်မြှောက်သည့် ဒုတိယ သမ္မတအဖြစ်အတည်ပြုခဲ့ပြီး သဘာပတိက ပြည်ထောင်စု လွှတ်တော်နာယကထံ ပေးပို့တင်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။