မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့် နေပြည်တော်၊ ဇွန် - ၃၀

Wednesday, June 30, 2021 - 17:30

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

နေပြည်တော်၊ ဇွန် - ၃၀

မန္တလေးတိုင်းဒေသကြီးအတွင်း လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်းများ နှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အားကစား ခန်းမ၌ ပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌ ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီဝင်များနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဉက္ကဌက အဖွင့်အမှာစကားပြော ကြားသည်။ ထို့နောက် ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပြည်ကြီးတံခွန် မြို့နယ်နှင့် သပိတ်ကျင်းမြို့နယ်အတွင်း လက်နက်/ခဲယမ်းများ၊ ဖောက်ခွဲရေးပစ္စည်း များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိမှုများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။