Wednesday, June 30, 2021 - 17:30
လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ဆေးရုံတက်ရောက်ကုသမှုခံယူ နေသူများအား သွားရောက်ကြည့်ရှုအားပေး
နေပြည်တော်၊ ဇွန် - ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ စည်းစိမ်ရှင် စားသောက်ဆိုင်ရှေ့ရှိ COVID-19 စစ်ဆေးရေးဂိတ်၌ ဇွန် ၂၉ ရက်တွင် အကြမ်း ဖက်သူများထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဒေသခံပြည်သူ ၅ ဦးသည့် ကျိုက်လတ်မြို့ပြည်သူ့ဆေးရုံ၌ တက်ရောက် ကုသမှုခံယူလျက်ရှိသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိ သည့် ဒေသခံပြည်သူများအား ယနေ့တွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန် ရှိသူများက သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး လိုအပ်သည့် ထောက်ပံ့မှု များ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။