သတင်းထုတ်ပြန်ချက် နေပြည်တော် မတ် ၂၃

Monday, March 23, 2026 - 14:45

သတင်းထုတ်ပြန်ချက်

နေပြည်တော် မတ် ၂၃

 

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ခြင်း (Lumbar Spondylosis with Spinal Stenosis) ဝေဒနာခံစားခဲ့ရသဖြင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့တွင် အမှတ်(၂)တပ်မတော် ဆေးရုံကြီး (ခုတင် ၁၀၀၀) နေပြည်တော်၌ အိန္ဒိယနိုင်ငံမှပါရဂူများနှင့် မြန်မာ့တပ်မတော် ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ အရေးပေါ်ခွဲစိတ်ကုသမှုအား ၂ နာရီကြာ ပြုလုပ်ခဲ့ပါသည်။

              ခွဲစိတ်ကုသမှုအောင်မြင်ပြီး ယခုအခါ နိုင်ငံ့တာဝန်နှင့် တပ်မတော်တာဝန်များကို  ကျန်းမာစွာ ထမ်းဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။ 

 

သတင်းထုတ်ပြန်ရေးအဖွဲ့

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ