နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦး၊  ပေါင်း ၂၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရေ

Friday, March 20, 2026 - 17:45

နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်သည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦး၊  ပေါင်း ၂၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်

နေပြည်တော် ၊ ၂၀၂၆ မတ် ၂၀

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်၍ ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက် ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁ ဦး၊ AA အဖွဲ့ဝင် အမျိုးသား ၁ဦး၊  ပေါင်း ၂၂ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီး တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ့ နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အေးချမ်းဖြိုးခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဉပဒေဘောင်အတွင်းသို့ဝင်ရောက်လာကြသည့် PDF အပါအဝင် အဖွဲ့ အစည်းအမျိုးမျိုးအမည်ခံအဖွဲ့ဝင်များသည် မိသားစုဝင်ဆွေမျိုးများနှင့်အကြပ်ကိုင်၍ အတင်းအဓမ္မ စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်နေမှု များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက်အောက် အဆင့်အတန်း ခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှုကျူးလွန်ခြင်း၊  အနေအစားဆင်းရဲ၍ ပင်ပန်း ဆင်းရဲစွာနေထိုင်ရခြင်းနှင့်တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်ခြင်းမရှိတော့ဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော် ၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်း စွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့်ပြည်သူ လူထုအတွက် ပြန်လည်အကျိုးပြု လိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ် အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရ သည်။

ထိုသို့ဉပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ဦး၊ ရွှေကျင်မြို့မှ အမျိုးသား ၁ဦး၊ ရွှေတောင်မြို့မှ အမျိုးသား ၁ဦး၊ ရေတာရှည်မြို့မှ အမျိုးသား ၃ဦး၊ ပန်တောင်းမြို့မှ အမျိုးသား ၆ဦး၊ အုတ်ဖိုမြို့မှ အမျိုးသား ၂ဦး၊ မင်းလှမြို့မှ အမျိုးသား ၁ဦး၊ ဖြူးမြို့မှ အမျိုးသား ၁ဦး၊ ပေါက်ခေါင်းမြို့မှ အမျိုးသား ၁ဦး၊ စုစုပေါင်း အမျိုးသား (၂၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ အေးချမ်းဖြိုးခန်းမ၌ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား အသိပညာပေး အမှာစကားပြောကြားသည်။ ထို့နောက် ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက် ခဲ့ကြသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် M4သေနတ် ၂ လက်၊ MA1သေနတ် ၃ လက်၊ MA3 ၂လက်၊ MA4သေနတ် ၁ လက်၊ AK47သေနတ် ၁ လက်၊ T-81 သေနတ် ၁လက်၊ ပစ္စတို ၂လက်၊ လေသေနတ် ၁ လက်၊ ကျည်မျိုးစုံ ၅၆၉ တောင့်၊ ကျည်အိမ် ၁၆ ခု၊ လက်ပစ်ဗုံး ၄လုံး၊ ၄၀မမဗုံးသီး ၇ လုံး၊ ခဲဖူး ၈၈ခုတို့အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက် လာသူများအား မောင်းပြန်ရိုင်ဖယ်သေနတ်တစ်လက်အတွက်ဆုကြေးငွေသိန်း ၅၀နှုန်း ဖြင့် ၁၀ လက်အတွက် ငွေကျပ် သိန်း ၅၀၀ ၊ ပစ္စတို ၁ လက်အတွက် ဆုကြေးငွေ ကျပ်သိန်း ၃၀ နှုန်းဖြင့် ၂လက်အတွက် ဆုကြေးငွေကျပ်သိန်း ၆၀၊ လေသေနတ် တစ်လက်အတွက် ဆုကြေးငွေကျပ်  ၅ သိန်း၊ လက်ပစ်ဗုံး တစ်လုံးစီ အတွက် ဆုကြေးငွေ ကျပ် ၃ သိန်း နှုန်းဖြင့် လက်ပစ်ဗုံး ၄ လုံး အတွက် ငွေကျပ် ၁၂ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို ထပ်မံထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်အတွင်းပြန် လည်ဝင်ရောက်လာသူများကိုယ်စား ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူ များထံ ပြန်လည် လွှဲပြောင်းအပ်နှံ ပေးအပ် ခဲ့ပြီး တက်ရောက်လာသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ပြီး စားသောက် ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ 

            ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများ ထံသို့ စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်းသို့ ပြန်လည် ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေးပို့လာပါက ကြိုဆို လက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရ သည်။

            ထိုသို့ ဥပေဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများ နှင့် ၎င်းတို့၏ မိဘများထံမှ  စကားသံများကိုလည်း ကြားသိရပါသည်။

အလင်းဝင်အင်တာဗျူး(၂၀.၃.၂၀၂၆)

၁။      BPLAမှာ တာဝန်ထမ်းဆောင်ပါတယ်။ ကျွန်တော့်သူငယ်ချင်းနဲ့ နှစ်ယောက် လားရှိုးကို သွားရင်းနဲ့ လားရှိုးမှာ အဖမ်းခံရတာပါ။ အရပ်သားအစိုးရပေါ်လာရင်တော့ လက်နက်ချပြီး လက်နက်ပြန်အပ်ကြမယ်။ တဖြည်းဖြည်းနဲ့ နေပါများလာတော့လည်း သိလာတယ်။ ကျွန် တော်တို့ ဥပဒေဘောင်အတွင်းကို ဝင်ရောက်လာပြီးတဲ့ အချိန်မှာစပြီးတော့ ကျွန်တော့်သူငယ် ချင်းတွေအားလုံး စရောက်ကတည်းက လွတ်လွတ်လပ်လပ်ထားတယ်။ လိုလေသေးမရှိ အောင်ထားပေးတယ်။ အဆက်အသွယ်မရှိတဲ့ လူတွေအားလုံးကိုလည်း မိဘတွေနဲ့အဆက် သွယ်ရအောင်လို့ ဝိုင်းဝန်းကူညီပေးကြတယ်။ စားနပ်ရိက္ခာထောက်ပံ့တာကတော့ AA ကထောက်ပံ့ပါတယ်။ ကျွန်တော်ဆိုရင် ရှေ့တန်းစစ်မြေပြင် ရောက်လာတဲ့အချိန်မှာ ကြုံသလို စားရတယ်။ တစ်ချို့ရက်တွေမှာကြတော့လည်း အန္တရာယ်အရမ်းများတဲ့ ရက်တွေမှာလည်း အချိန်ကုန်သွားတော့ မစားရတဲ့ ရက်တွေလည်းရှိပါတယ်။ ကျွန်တော်တို့ကျန်တဲ့ သူငယ်ချင်း တွေ အားလုံးကိုလည်း အချိတ်ဆက်လုပ်ဖို့လည်း ရှိပါတယ်။ သူတို့လည်း ပထမတုန်းက ကျွန် တော်နဲ့အတူတူ ထွက်လာဖို့ပဲ။ ဒါပေမယ့် အခက်အခဲတွေက အများကြီးရှိတယ်။ CAMPAING လုပ်တာတွေဘာတွေကျတော့ ဝင်ပြီးကူညီပေးရတယ်။ အထက်ပိုင်းကလူတွေပဲ စီစဉ်ကြ တယ်။ ကျွန်တော်တို့ဆီမှာ အောက်ခြေရဲဘော်တွေက အဲ့ဒီအကြောင်းတွေကို ဘာမှမသိရဘူး။

၂။       FIRE DRAGON တပ်ဖွဲ့မှာ ပါဝင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ၉ လပိုင်းလောက်က ရောက်တာပါ။ ကျောင်းမတက်နဲ့ ဘာမှမဖြစ်ဘူး။ သူတို့မြူစွယ်တာပေါ့။ သင်တန်းတက်ခဲ့ရတဲ့ ကာလ အခြေအနေကတော့ ၉ လပိုင်းလောက်က တက်ခဲ့ရတာပေါ့။ ခက်ခဲကြမ်းတမ်းခဲ့တာ ပေါ့။ ကျဆုံးမှုကတော့ ပွဲတိုင်းလိုလို ရှိပါတယ်။ ကျဆုံးသွားတဲ့ ရဲဘော်တစ်ယောက်ကို အချိန် မပေးဘူး။ ဖြစ်သလိုပဲ သင်္ဂြိုလ်လိုက်တယ်။ ခါးသီးတဲ့ အမှတ်တရတွေကတော့ အများကြီးပါ။ အထက်အောက် ငယ်သား တအားဖိတယ်ပေါ့။ ဖိနှိပ်မှုတအားများတယ်။ သူ့တို့စိတ်နဲ့ ကိုယ့် ကိုယ်ဖြစ်နေတဲ့ ပုံစံဖြစ်နေတာပေါ့။ ကိုယ့်စိတ်ကို မပိုင်ဘူး။ ကိုယ့်ကိုယ်ကို မပိုင်ဘူး။ အဲ့ဒီလို ဖြစ်နေတဲ့ ပုံစံပေါ့။ မနေချင်တော့ဘူး။ ပထမ တစ်ခေါက် ကြိုးပမ်းခဲ့သေးတယ်။ မအောင်မြင် ဘူး။ ထပ်စဉ်းစားပြီးတော့ တပ်မတော်နဲ့ ချိတ်ဆက်မှုရပြီးတော့ တပ်မတော်နဲ့ ဝင်ခဲ့တာပါ။ ညီ လေးနဲ့အတူ နှစ်ဦးပါတယ်။ အမျိုးသမီး ကိုယ်ဝန်ဆောင်တစ်ယောက်နဲ့ ၃ ဦးပေါ့။ ကျွန်တော် ဆိုရင် တစ်လ လောက် အိပ်ရာထဲမှာပဲ လဲနေတာ။ လမ်းကောင်းကောင်း မလျှောက်နိုင်ဘူး။ ပထမတစ်ခေါက် မိသွားတော့ ကျွန်တော့်ကို ထုထောင်းရိုက်နှက်တာတွေ လုပ်တယ်။ တစ်လ လောက် ဆေးခန်းမှာ ဆေးကုလိုက်ရတယ်။ တစ်လလောက် လမ်းမလျှောက်နိုင်ဘူး။ ကျွန်တော် လမ်းလျှောက်နိုင်တဲ့ အချိန်ရောက်တော့ ကျွန်တော့်မိသားစုနဲ့ ဆက်သွယ်တယ်။ ကျွန်တော့်အမျိုးသမီးနဲ့ ဆက်သွယ်ပြီးတော့ ဖုန်းလေးတစ်လုံးလောက် ကျွန်တော်ခိုးပြီးတော့ ယူထားတယ်။ အဲ့ဒီကနေမှ တပ်မတော်နဲ့ ချိတ်ဆက်လို့ရအောင် ကျွန်တော့်အမျိုးသမီးကို ပို့ ခိုင်းတယ်။ ကျွန်တော့်အမျိုးသမီးကနေမှ တစ်ဆင့် တပ်မတော်နဲ့ ချိတ်ဆက်ပေးတယ်။ ချိတ် ဆက်ပြီးတော့ အဲ့ဒီကမှ တစ်ဆင့် ကျွန်တော်တို့ ရဲဘော် ၃ ယောက်တိုင်ပင်ပြီးတော့ လာခဲ့တာပါ။ အဖွဲ့ဝင် နာမည်တွေသုံးတယ်။ ပြီးတော့ အဖွဲ့အစည်းအပေါ် အသုံးချပြီးတော့ ကိုယ်ကျိုးအတွက် အသုံးချတယ်။ သူတို့ကြောင့်ဆိုပြီးတော့ တော်တော်များများ အိမ်တွေပျက် စီးတာတွေရှိတော့ ပြည်သူတွေကနေ ငြိုငြင်လာတာတွေ အများဆုံးတွေ့ နေရတာပေါ့။ အတက်နိုင်ဆုံး ကျန်နေခဲ့တဲ့ ကျွန်တော့်ရဲ့ ညီလေးတွေ၊ အကိုတွေပေါ့။ ကျွန်တော် ပြန်ပြီးတော့ ရအောင် ပြန်ဆွဲထုတ်ပေးမယ်။ ကျွန်တော်လည်း ပထမတုန်းက တွေဝေနေတာပဲ။ ပြတ်ပြတ်သားသား ဆုံးဖြတ်သင့်တယ်။ အလင်းဝင်လာတယ်ဆိုတာတော့ အခုလိုမျိုး နွေးနွေးထွေးထွေး ကြိုဆိုတဲ့အတွက်လည်း တော်တော်လည်း ကျေးဇူးတင်ပါ တယ်။ ပထမကတော့ ဒီလိုမျိုး မထင်ခဲ့ဘူး။ သူတို့ရဲ့ ဝါဒမှိုင်းတွေကြောင့် အလင်းဝင်တဲ့သူတွေ ဒီလိုထွက်ပြေးလာတဲ့သူတွေကို သူတို့က တပ်မတော်ဘက်က မိရင် သတ်ဖြတ်တာတွေ၊ ရိုက် နှက်တာတွေ၊ ထုထောင်းတာတွေ၊ မေးမြန်းပြီးတော့ သတ်ဖြတ်တယ်ဆိုပြီး သူတို့ ကအဲ့လို မှိုင်းတွေ တိုက်ထားတော့ ကျွန်တော်တို့ အခုပြေးမယ့်လူငယ်တွေ၊ အလင်းဝင်မယ့် လူငယ်တွေ၊ ထွက်ချင်တဲ့ လူငယ်တွေ ကျတော့ အဲ့ဒါတွေကို ကြောက်ပြီးတော့ သူတို့ မလာရဲ ကြဘူး။ အဓိကကတော့ မကြောက်ပါနဲ့လို့ပြောတာ။ ဒီဘက်မှာ လက်နက် ပါပါ မပါပါ နွေးနွေးထွေးထွေး ဆက်ဆံပါတယ်။ အကောင်းဆုံးကတော့ ဘယ်လိုပဲဖြစ်ဖြစ် တပ်မတော်ကို ကိုယ့်ရဲ့ကိုင်ဆောင်ထားတဲ့ လက်နက်တွေကို ပြန်အပ်နှံတာ အကောင်းဆုံးပါပဲ။