တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ
နေပြည်တော်၊ ၂၀၂၆ မတ် ၂၀
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၃)သို့ တက်ရောက်ကြမည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူ များက မြိတ်မြို့၊ နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။
ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)သို့တက်ရောက် ကြမည့် နိုင်ငံ့သားကောင်းရတနာများအား အသုံးအဆောင်ပစ္စည်းအား ပေးအပ်ပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

