ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေ (အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ်   ၁၇   /၂၀၂၆) ၁၃၈၇ ခုနှစ်၊  တပေါင်းလပြည့်ကျော်  ၁၂  ရက် (၂၀၂၆ ခုနှစ်

Saturday, March 14, 2026 - 17:00

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ

အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေ

(အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥပဒေအမှတ်   ၁၇   /၂၀၂၆)

၁၃၈၇ ခုနှစ်၊  တပေါင်းလပြည့်ကျော်  ၁၂  ရက်

(၂၀၂၆ ခုနှစ်၊ မတ်လ   ၁၄  ရက်)

              အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ  ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။

အခန်း()

အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်

၁။      ဤဥပဒေကို အာကာသသိပ္ပံနှင့်နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ဥပဒေဟု ခေါ်တွင် စေရမည်။

၂။            ဤဥပဒေတွင်ပါရှိသော အောက်ပါစကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပာယ် သက်ရောက်စေရမည် -

              (က)    နိုင်ငံတော်ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုဆိုသည်၊

              ( ခ)    ကော်မရှင်ဆိုသည်မှာ ဤဥပဒေအရဖွဲ့စည်းသည့် အာကာသသိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကိုဆိုသည်။

အခန်း()

ရည်ရွယ်ချက်များ

၃။           (က)    အာကာသသိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရန်၊

              ( ခ)    လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အာကာသဆိုင်ရာနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံ တည်ဆောက်နိုင်ရန်၊

              ( ဂ)    အာကာသပညာရပ်ကို လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အသုံးချနိုင်ရန်၊

              ( ဃ)   နိုင်ငံတော်၏အမျိုးသားလုံခြုံရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတထိန်းသိမ်း စောင့်ရှောက်ရန်၊

              ( င)    စိုက်ပျိုးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးနှင့် တုံ့ပြန်ရေးအပါအဝင် ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အာကာသ နည်းပညာများဖြင့် အထောက်အကူပြုနိုင်ရန်။

အခန်း()

ကော်မရှင်ဖွဲ့စည်းခြင်း

၄။           နိုင်ငံတော်သမ္မတသည် ကော်မရှင်ဥက္ကဋ္ဌအပါအဝင် သင့်လျော်သည့်ပုဂ္ဂိုလ် အနည်းဆုံး ငါးဦးဖြင့် အာကာသသိပ္ပံနှင့်နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်ကို ဖွဲ့စည်းနိုင်သည်။

၅။           နိုင်ငံတော်သမ္မတသည် ကော်မရှင်ကို ဖွဲ့စည်းသည့်အခါ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို တစ်ပါတည်းသတ်မှတ်ပေးရမည်။

၆။           နိုင်ငံတော်သမ္မတသည် ကော်မရှင်တွင်ခန့်အပ်တာဝန်ပေးရန် သင့်လျော်သည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို ကော်မရှင်တွင် ခန့်အပ်တာဝန်ပေးလိုလျင် သက်ဆိုင်ရာ လွှတ်တော် ဥက္ကဋ္ဌ ၏ သဘောတူညီချက်ဖြင့် ခန့်အပ်တာဝန်ပေးနိုင် သည်။

၇။           နိုင်ငံတော်သမ္မတသည် ပုဒ်မ ပါ ရည်ရွယ်ချက်များကို အကောင်အထည်ဖော်ဆောင် ရွက်နိုင်ရန်အလို့ငှာ ကော်မရှင်၏တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သတ်မှတ်ပေးရမည်။

အခန်း(၄)

ရာထူးမှနုတ်ထွက်ခြင်း၊ တာဝန်မှရပ်စဲခြင်း၊ လစ်လပ်ရာထူးနေရာတွင် ဖြည့်စွက်ခန့်ထားခြင်း

၈။           ကော်မရှင်ဥက္ကဋ္ဌသည် တာဝန်ထမ်းဆောင်နေစဉ် အကြောင်းတစ်ခုခုကြောင့် မိမိသဘော ဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ်ထွက်လိုကြောင်းကို နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီးရာထူးမှ နုတ်ထွက်နိုင်သည်။

၉။           ကော်မရှင်ဥက္ကဋ္ဌမှအပ ကော်မရှင်အဖွဲ့ဝင်တစ်ဦးသည်တာဝန်ထမ်းဆောင်နေစဉ် အကြောင်း တစ်ခုခုကြောင့် မိမိသဘောဆန္ဒအလျောက် ရာထူးမှနုတ်ထွက်လိုလျှင် ထိုသို့နုတ် ထွက်လိုကြောင်း ကို ကော်မရှင်ဥက္ကဋ္ဌမှတစ်ဆင့် နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြပြီး ရာထူးမှနုတ်ထွက်နိုင်သည်။

၁၀။         နိုင်ငံတော်သမ္မတသည် ကော်မရှင်အဖွဲ့ဝင်တစ်ဦးဦးအား  အောက်ပါအခြေအနေ တစ်ရပ် ရပ် ပေါ်ပေါက်ပါက တာဝန်မှရပ်စဲနိုင်သည်-

(က)    ဆေးစစ်ဆေးချက်အရ ကိုယ်စိတ်နှစ်ပါးအနက် တစ်ပါးပါးထာဝစဉ် ချို့ယွင်းသွား ခြင်းကြောင့် တာဝန်ကိုဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိတော့ကြောင်း တွေ့ရှိရ ခြင်း၊

( ခ)    ကော်မရှင်ကချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာရန်ပျက်ကွက် ခြင်း။

၁၁။         နိုင်ငံတော်သမ္မတသည် ရာထူးမှ နုတ်ထွက်ခြင်းကြောင့်ဖြစ်စေ၊ တာဝန်မှရပ်စဲခံရခြင်း ကြောင့်ဖြစ်စေ၊ ကွယ်လွန်ခြင်းကြောင့်ဖြစ်စေ၊ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်စေ ကော်မရှင် အဖွဲ့ဝင်နေရာလစ်လပ်လျှင် သင့်လျော်သည့်ပုဂ္ဂိုလ်များဖြင့် ဖြည့်စွက်ခန့်ထားရမည်။

အခန်း(၅)

အထွေထွေ

၁၂။          ပြည်ထောင်စုအစိုးရအဖွဲ့သည် ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၏ လစဉ်ချီးမြှင့်ငွေ၊ စရိတ်၊ အဆောင်အယောင်နှင့် ခံစားခွင့်များကို သတ်မှတ်ပေးရမည်။

၁၃။         ကော်မရှင်၏သက်တမ်းသည် နိုင်ငံတော်သမ္မတ၏ သက်တမ်းအတိုင်းဖြစ်သည်။

၁၄။         ကော်မရှင်၏ရုံးလုပ်ငန်းများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးက စီစဉ်ဆောင်ရွက်ပေး ရမည်။

၁၅။         ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လိုအပ်သည့်နည်းဥပဒေ၊ အမိန့်၊ အမိန့်ကြော်ငြာစာနှင့် ညွှန်ကြားချက် တို့ကိုထုတ်ပြန်နိုင်သည်။

 

 

 
 

 

              ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ ကျွန်ုပ် လက်မှတ်ရေးထိုးသည်။

                                                                                                       (ပုံ) မင်းအောင်လှိုင်

                                                                                                         ဗိုလ်ချုပ်မှူးကြီး

                                                                                                          ယာယီသမ္မတ