ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ထာ၀ရငြိမ်းချမ်းရေးအတွက် ထုတ်ပြန်ချက်
(၁၃၈၃ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက်)
(၂၀၂၁ ခုနှစ်၊ ဇွန်လ ၃၀ ရက်)
၁။ တပ်မတော်အနေဖြင့် ထာ၀ရငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများကို အရှိန် အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တိုးမြှင့်ရပ်ဆိုင်းပေး လျက်ရှိသည့်အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုဖွဲ့စည်းပြီး ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ဘက်ပေါင်းစုံမှ တိုးတက်ကောင်းမွန်လာစေရန် အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိပါသည်။
၂။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် ထာ၀ရငြိမ်းချမ်းရေး အောင်မြင် ပြီးဆုံးသည်အထိ ဆက်လက်ဆွေးနွေးနိုင်ရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ချောမွေ့အောင် မြင်စွာ ဆောင်ရွက်နိုင်ရေးနှင့် COVID-19 ရောဂါဖြစ်ပွားမှုသည် အချိန်ကာလကြာမြင့်သည်နှင့် အမျှ သန္ဓေပြောင်းမျိုးကွဲများ ထွက်ပေါ်လာခဲ့ပြီး အိမ်နီးချင်းနိုင်ငံအချို့တွင် သန္ဓေပြောင်းမျိုး ကွဲများတွေ့ရှိနေရသဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် စဉ်ဆက်မပြတ် ခြေရာခံ စောင့်ကြည့် ထိန်းချုပ်စစ်ဆေးမှုများဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့အတွက် မြန်မာနိုင်ငံတစ်ဝန်းလုံး၌ နိုင်ငံတော် ကာကွယ်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့်အုပ်ချုပ် ရေးယန္တရားများအား နှောင့်ယှက်ထိပါးတိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ် ရှားမှုများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ ထပ်မံတိုးမြှင့် ရပ်ဆိုင်းပေးသွားမည် ဖြစ်သည်။
၃။ သို့ဖြစ်ပါ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင်ပါဝင်ပတ်သက်နေကြသည့် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များအားလုံးအနေဖြင့် တိုင်းရင်းသားပြည်သူလူထုအားလုံး၏ လိုအင်ဆန္ဒဖြစ်သည့် ပြည်ထောင်စုကြီးငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီလမ်း စဉ်ကို နည်းမှန်လမ်းမှန်လျှောက်လှမ်းနိုင်ရေးတို့အတွက် တပ်မတော်မှ စစ်ရေးဆိုင်ရာလှုပ်ရှား မှုများတိုးမြှင့်ရပ်စဲပေးထားသည့်ကာလအတွင်း ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ဆောင် ရွက်ပြီး ထာ၀ရငြိမ်းချမ်းရေးရရှိအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြစေလိုကြောင်း တိုက်တွန်းအပ်ပါသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး