စက်သုံးဆီအလုံအ​လောက်ရှိ​ကြောင်းအသိ​ပေး​ကြေညာချက်                                                                                                                                                                                                               

Thursday, March 5, 2026 - 14:30

                       မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း​ရောင်းချဖြန့်ဖြူး​ရေးအသင်းသည် စက်သုံးဆီ တင်သွင်းသို​လှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်​ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်း​ရောင်းချ​ဖြန့်ဖြူးပေးလျှက်ရှိပါသည်။

                       လတ်တ​လောဖြစ်​ပေါ်​နေ​သော အ​ရှေ့အလယ်ပိုင်း​​ဒေသ ကိစ္စရပ်များ​ကြောင့် ပြည်ပမှစက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်​သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူး​ရောင်းချ​ပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံ​လောက်စွာ ကြိုတင်စီစဥ် ​ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ်ဝင်​ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု လုံးဝ မရှိနိုင်​ပါ​ကြောင်း အသိ​ပေး​ကြေညာအပ်ပါသည်။

                       သို့ဖြစ်ပါ၍ ပြည်သူလူထုအ​နေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်​ကြောင့် ကြမှုမရှိကြပါရန်၊​အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့်အားလုံးလုံ​လောက်စွာသုံးစွဲနိုင်​ရေး ကူညီ ပေးကြပါရန်၊ မိမိသုံးစွဲရန် လိုအပ်သ​လောက်သာဝယ်ယူကြပါရန် နှင့် စက်သုံးဆီများ အလုံအ​လောက်ရှိပါသဖြင့် စိုးရိမ်စိတ်​ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြ​ပါရန်မေတ္တာရပ်ခံအသိ​ပေး​ကြေညာအပ်ပါသည်။ 

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း