Thursday, March 5, 2026 - 14:30
ရုရှားရေတပ်ပစိဖိတ်စစ်ရေယာဉ်စုမှ ကော်ဗက်စစ်ရေယာဉ်များဖြစ်သည့် Sovershenyi နှင့် Rezkiy ၊ အလတ်စားဆီတင်သင်္ဘော Pechenga တို့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီးလည်ပတ်ရန်အတွက် ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်း MITT တံတားသို့ရောက်ရှိလာရာ တပ်မတော်(ရေ)မှအရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံဆိုင်ရာရုရှား စစ်သံမှူး နှင့် တာဝန်ရှိသူများကကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါစစ်ရေယာဉ်များတွင် အဖွဲ့ခေါင်းဆောင်ဖြစ်သူ Captain 1st Rank Andrei Gaevoi ဦးစီး၍ အရာရှိ၊ စစ်သည်စုစုပေါင်း ၃၅၀ ဦးတို့လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် မတ် ၁၀ ရက်အထိ ၆ ရက်ကြာ နေထိုင်၍ လေ့လာလည်ပတ်သွားမည်ဖြစ်ကာ နှစ်နိုင်ငံချစ်ကြည်ရေးအားကစားပြိုင်ပွဲများလည်း ပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

