နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆူပူဆန္ဒပြမှုဖြစ်စဉ်များနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကြောင့် အမှုဖွင့်အရေးယူထားသူများအနက်မှ (ပထမ ဦးစားပေးအဖြစ်) ၂၂၉၆ ဦးတို့၏အမှုများကို ရုပ်သိမ်းပြီး ပြန်လည်စေလွှတ် နေပြည်တော်၊ ဇွန် - ၃၀

Wednesday, June 30, 2021 - 15:00

နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆူပူဆန္ဒပြမှုဖြစ်စဉ်များနှင့် စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကြောင့် အမှုဖွင့်အရေးယူထားသူများအနက်မှ (ပထမ ဦးစားပေးအဖြစ်) ၂၂၉၆ ဦးတို့၏အမှုများကို ရုပ်သိမ်းပြီး ပြန်လည်စေလွှတ်

နေပြည်တော်၊ ဇွန် - ၃၀

          နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ရာဇသတ်ကြီး ပုဒ်မ ၅၀၅- က အပါအဝင် အခြားသော ဉပဒေပုဒ်မတစ်ခုခုဖြင့် အမှုဖွင့်အရေးယူထားသူများကို ဉပဒေလုပ်ထုံးလုပ်နည်းများနှင့် အညီ အမှုရုပ်သိမ်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီး တို့မှ ရဲစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၈၆ ဦး၊ တရားရုံးစစ်ဆေးဆဲအမှု အမျိုးသား၊ အမျိုးသမီး ၂၂၁၀ ဦး၊ စုစုပေါင်း ၂၂၉၆ ဦးတို့၏အမှုများကို သက်ဆိုင်ရာဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုပြန်လည်ရုပ်သိမ်းပေးခဲ့ပြီး ဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်စေလွှတ်ပေးခဲ့သည်။

ထိုသို့စေလွှတ် ပေးမှုအပေါ် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးခဲ့ပြီး ပြန်လည်စေလွှတ်ပေး ခဲ့သူများ၏ သက်ဆိုင်ရာ ဆွေမျိုး၊ မိဘများက လာရောက်ကြိုဆို ခဲ့ကြကြောင်း သတင်းရရှိသည်။