စစ်ကိုင်းမြို့၊ ရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာကောင်းမှုတော် စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်တင်လှူပူဇော်ပွဲအခမ်းအနားကျင်းပ နေပြည်တော်၊ မတ် - ၁

Sunday, March 1, 2026 - 15:30

          မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းတိုင်း ဒေသကြီး၊ စစ်ကိုင်းမြို့၌ တည်ထားပူဇော်သော ရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံ၍ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် အထွဋ်တင်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ သောဠသမ ရွှေကျင်သာသနာပိုင် ဆရာတော်၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူ ကြသည်။

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော နှင့်ဇနီး၊ ကော်မရှင်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ဇနီးများ၊ စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီး ချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ အနောက်မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စည်ကားသိုက်မြိုက်စွာ တက်ရောက် ကြည်ညိုကြသည်။

ဦးစွာ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်က အောင်မြေဗောဓိဓမ္မာရုံတော် အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး သစ်သီးပန်းမန်၊ ဆီမီးနှင့် သောက် တော်ရေချမ်းတို့ကို ကပ်လှူပူဇော်သည်။

ထို့နောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့် လှစ်ပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များသည် သီတဂူဆရာတော်ဘုရားကြီးထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြကာ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။

ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော်ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံကြသည်။

၎င်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် သဗ္ဗညု ဘုရားရှင်အား ရည်မှန်းထား၍ ရတနာစိန်ဖူးတော်၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများကို သီတဂူဆရာတော်ဘုရားကြီးထံ သာဟတ္ထိကဒါနမြောက် ဆက်ကပ် လှူဒါန်းပူဇော်သည်။

ထို့နောက် ကော်မရှင်အတွင်းရေးမှူးနှင့် ဇနီးတို့က ငှက်မြတ်နားတော်နှင့် လှူ ဖွယ်ပစ္စည်းများကို သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃာတော်များထံ သာဟတ္ထိက ဒါနမြောက် ဆက်ကပ်လှူဒါန်းပူဇော်သည်။

ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများက သံဃာတော် အရှင်သူမြတ်များထံ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် တက်ရောက်လာကြသည့် အကြီးအကဲများနှင့် ဧည့်ပရိသတ်များက ရတနာငှက်မြတ်နားတော်ရှိ ရတနာရွှေကြုတ်တော်အတွင်းသို့ ရတနာရွှေငွေ ကျောက်သံပတ္တမြား များကို ကြည်ညိုသဒ္ဒါပွားများစွာဖြင့် ထည့်သွင်းလှူဒါန်းပူဇော်ကြ သည်။

ထို့နောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်အမှူးပြုသည့် ဧည့်ပရိသတ် များသည် သီတဂူဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ယင်းနောက် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကော်မရှင် အတွင်းရေးမှူးနှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို မင်္ဂလာဝေါယာဉ်တော်ဖြင့် ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လက်ယာရစ် လှည့်လည်ပူဇော်ကာ မဟာမင်္ဂလာမဏ္ဍပ်တော်ရှေ့ရှိ ခေတ္တအပူဇော်ခံနေရာသို့ ပို့ ဆောင်ကြသည်။ ထို့နောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ ကော်မရှင် အတွင်းရေးမှူး နှင့် ဇနီး၊ အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့ကို အမွှေးနံ့သာ ရည်များဖြင့် ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာဆင်ယင်ကြသည်။

ယင်းနောက် သီတဂူဥပါသကာများက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား စေတီတော်အထွဋ်သို့ ပင့်ဆောင်ကြပြီး ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီး ချုပ်၊ ကော်မရှင်အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နား တော်တို့ကို စေတီတော်အထွတ်၌ တင်လှူပူဇော်၍ ပရိတ်နံ့သာရည်များ ပက်ဖျန်းကြ သည်။

 ၎င်းနောက် ရှေးဟောင်းသမိုင်းဝင် ရာဇမဏိစူဠာ ကောင်းမှုတော်စေတီတော် မြတ်ကြီး ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲအခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုတ်သိမ်းခဲ့ပြီး အခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။

အခမ်းအနားအပြီးတွင် ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ ဝင်များသည် ကြွရောက်ချီးမြှင့်တော်မူကြသည့် သီတဂူဆရာတော်ကြီးအမှူးပြုသည့် ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။