နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား အား

Thursday, February 26, 2026 - 18:15

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား အား သွားရောက်ဖူမြော်ကြည်ညို၊ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး၊ ဗထူးတပ်နယ်ရှိ ကျောင်းအုပ်ကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူးများအား တွေ့ဆုံမှာကြား နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန် ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၊ ရတနာစံကျောင်းတော်ကြီးရှိ အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားအား သွားရောက် ဖူးမြော်ကြည်ညိုပြီး မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သာသနိက အဆောက်အအုံများ ပြန်လည်ပြုပြင်ပြီးစီးမှုများအား ကြည့်ရှုစစ်ဆေး ကြသည်။

ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင် များသည် ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ ဖောင်တော်ဦးမြတ်စွာဘုရား ဖောင်ဆိပ် သို့ ရောက်ရှိကြရာ ဒုတိယဝန်ကြီးများ၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘုရားဂေါပကအဖွဲ့ဝင် များ၊ ရပ်မိရပ်ဖများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ဖောင်တော်ဦးဘုရားရုပ်ပွားတော်မြတ်ငါးဆူကို ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းများ ကပ်လှူပူဇော် ဖူးမြော်ကြည်ညိုကန်တော့ပြီး ဘက်စုံပြုပြင်မွမ်းမံရန်အတွက် အလှူငွေ များ လှူဒါန်းရာ ဘုရားဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)သည် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်လက်မှတ် ရေးထိုးသည်။

၎င်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  နှင့်အဖွဲ့ဝင်များအား ရှင်းလင်းဆောင်၌ တာဝန်ရှိသူများက အင်းလေးဒေသဆိုင်ရာအချက်အလက် များ၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်များအပေါ် လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှု၊ ငလျင်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ညောင်ရွှေဒေသရှိ ငလျင်ဘေးဒဏ် သင့်ပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ မှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများနှင့် အသုံးအဆောင်ပစ္စည်းများ ဖြန့်ခွဲပေး ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်း သာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ငလျင်ဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပေး အပ်သည့် ထောက်ပံ့ငွေများ၊ ထောက်ပံ့ပစ္စည်းများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများ အား ငလျင်ဘေးဒဏ်သင့် ပြည်သူများ၏ လက်ဝယ်သို့ အမှန်တကယ် ရောက်ရှိရေး၊ ထောက်ပံ့ပေးအပ်ရန် ကျန်ရှိနေသည်များကိုလည်း အမြန်ဆုံးပြီးပြတ်အောင် ထောက်ပံ့ ပေးအပ်နိုင်ရေး၊ နိုင်ငံတော်အစိုးရမှ ပေးအပ်ထားသည့် ထောက်ပံ့ငွေများအား လေလွှင့် ဆုံးရှုံးမှုမရှိစေရေး ငလျင်ဒဏ် ခံစားခဲ့ရသည့် အင်းလေးဒေသ အမြန်ဆုံး မူလအခြေအ နေထက် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် စနစ်တကျ စီမံဆောင် ရွက်သွားရန် ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ငလျင်ဒဏ်ကြောင့် ဘုရားရင်ပြင်တော်ရှိ နေပူခံကျောက်ပြားများ ကွဲအက် ပျက်စီးခြင်း၊ မုခ်ဦးများ၊ လှေကားများ၊ ကရဝိတ်ဖောင်တော်ထားရှိရာအဆောင်နှင့် အခြားသာသနိက အဆောက်အအုံများ ပြိုကျပျက်စီးနေခြင်းများကို ပြည်နယ်အင်ဂျင် နီယာများနှင့်အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များက မူလ လက်ယာမပျက်ပြန်လည်ပြု ပြင်ထားရှိမှုများ၊ အင်းလေးကန် ရေရှည်တည်တံ့ရေးနှင့် စိမ်းလမ်းစိုပြေစေရေးတို့အတွက်စက်ယန္တရားများဖြင့် စက်တပ်ရေယာဉ်ငယ်များ အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်သွားလာနိုင်ရေး ရေလမ်းကြောင်းရှိ ဒိုက်ဖက်များ၊ မှော်များ၊ အမှိုက်သရိုက်များ ရှင်းလင်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည် များကိုတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးသည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ကိန်းဝပ်သတင်းသုံးတော်မူရာ ရတနာ စံကျောင်းတော်ကြီးသည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် ပင်မစံကျောင်းတော်၏ ခိုင်မြဲမှုအခြေအနေမှာ ကောင်းမွန် လျက်ရှိသော်လည်း မြောက်အရပ်ပင်မလှေကားထိပ်နှင့် ပင်မစံကျောင်းတော်ထိစပ် နေရာ၌ အနည်းငယ်ထိခိုက်မှုရှိပြီး ကျန်အရှေ့၊ အနောက်၊ တောင်ဘက်အရပ်မျက်နှာရှိ လှေကားထိပ်နှင့် စံကျောင်းတော်မှာ မူလကပင် တွဲဆက်ထားခြင်းမဟုတ်သည့် အတွက် ၃ လက်မမှ ၆ လက်မ အထိ ကွာဟသွားခဲ့ကြောင်း၊ အဆိုပါအခြေအနေအား နယ်မြေခံ ပြည်နယ်အင်ဂျင်နီယာများနှင့် အဖွဲ့များ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းမှ ပညာရှင်များဖြင့် ဆွေးနွေးတိုင်ပင်၍ မူလလက်ယာမပျက် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်း များကို ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ဆောင်ရွက်ပြီးစီးမှုအနေဖြင့် ရင်ပြင်တော်ရှိ နေပူခံ ကျောက်ပြားများခင်းခြင်း ၁၀၀ ရာခိုင်နှုန်း၊ ဖောင်တော်ဦးဘုရား မူလ ကျောင်းဆောင် အောက်ခြေ သံကူကွန်ကရစ် ထပ်ပိုးခြင်း ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတော် အရှေ့ဘက်၊ အနောက်ဘက် မုခ်ဦးစောင်းတန်းလှေကားများ ၁၀၀ ရာခိုင်နှုန်း၊ မူလစံကျောင်းတောင်ဘက် မုခ်လှေကားနှင့် မြောက်ဘက် အာရုံခံတန်းစောင်း ၁၀၀ ရာခိုင်နှုန်း၊ ကရဝိတ်အဆောင် ၁၀၀ ရာခိုင်နှုန်း ပြန်လည်ပြုပြင်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရှိရပြီး ဘုရားဖူးပြည်သူများ အန္တရာယ်ကင်းရှင်းစွာဖြင့် စိတ်အေးချမ်းသာစွာ လာရောက်ဖူးမြော်နိုင်ပြီ ဖြစ်ကြောင်းနှင့် မြောက်ဘက်မုခ်ရှိ လှေကားအနေဖြင့် အင်းလေးဖောင်တော်ဦးရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီအပူဇော်ခံရန်အတွက် ပင်မစံကျောင်းတော်မှ ပင်ဆောင်ရာတွင် အနည်းငယ်မတ်စောက်သည့်အတွက် လှေကားအသစ်ပြန်လည်တည်ဆောက်လျက်ရှိကြောင်းနှင့် မတ်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ ကျောင်းအုပ်ကြီးများ၊ တပ်ရင်း/တပ်ဖွဲ့မှူး များအား တွေ့ဆုံ၍ တပ်တည်ဆောက်ရေးဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ် များနှင့်ပတ်သက်၍ အသေးစိတ် ဆွေးနွေးမှာကြားခဲ့သည်။ အလားတူ ယနေ့ညနေပိုင်း တွင်လည်း ကလောမြို့၊ စစ်ဦးစီးတက္ကသိုလ်ရှိ သင်တန်းသားအရာရှိကြီးများအား စစ်ဆင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်ကိစ္စရပ်များ အား အသေးစိတ်ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။