ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ (ROSCOSMOS) နိုင်ငံပိုင်အာကာသကော်ပိုရေးရှင်း မှ အထွေထွေအတွင်းရေးမှူးချုပ် H.E.BAKANOV Dmitry Vladimirovich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၅ ရက်တွင် မြန်မာအာကာသအေဂျင်စီ (MSA)၌ မြန်မာအာကာသအေဂျင်စီအမှုဆောင် အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံကာ ရုရှား-မြန်မာအာကာသနည်းပညာ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းအစည်း အဝေးကိုပြုလုပ်ခဲ့သည်။
ထို့နောက် H.E.BAKANOV Dmitry Vladimirovich နှင့်အဖွဲ့သည် မြန်မာအာ ကာသ အေဂျင်စီ (MSA)မှတာဝန်ရှိသူများလိုက်ပါ၍ ဒဂုံမြို့နယ်၊ အလုံလမ်းရှိ အာကာသပြတိုက်၌ လေ့ကျင့်ရေးအထက် တန်းကျောင်း(ကမာရွတ်မြို့နယ်)မှ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ကျောင်းသူများနှင့်တွေ့ဆုံ၍ H.E.BAKANOV Dmitry Vladimirovich က အာကာသနည်းပညာအကြောင်းကို ဟောပြောပို့ချခဲ့ပြီး ခရီးစဉ်တွင်လိုက်ပါလာသည့် ဆိုဗီယက် ပြည်ထောင်စုသူရဲကောင်းဘွဲ့နှင့် ရုရှားနိုင်ငံ၏သူရဲကောင်းဘွဲ့ချီးမြှင့်ခြင်းခံရသူ အာကာသယာဉ်မှူး Mr. KRIKALEV Sergei Konstantinovich က အာကသသို့ပျံသန်း ခြင်းဆိုင်ရာအတွေ့အကြုံများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
