နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရပ်စောက်မြို့ရှိ မြို့မဘုရားကြီးကျောင်းတိုက် ဆရာတော် အား သွားရောက်ဖူးမြော်ကြည်ညို

Wednesday, February 25, 2026 - 17:30

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ  ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)  ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရပ်စောက်မြို့ရှိ မြို့မဘုရားကြီးကျောင်းတိုက် ဆရာတော် အား သွားရောက်ဖူးမြော်ကြည်ညို၊ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့်ပြည်သူများအားသွားရောက်ကြည့်ရှုအားပေး၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅

          နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရပ်စောက်မြို့ရှိ မြို့မဘုရားကြီးကျောင်းတိုက် ဆရာတော်အား သွားရောက်ဖူးမြော် ကြည်ညို၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိသည့် ပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)သို့ သွားရောက် ကြည့်ရှုစစ်ဆေး သည်။

          ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ  ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များလိုက်ပါ၍ ရပ်စောက်မြို့၊ မြို့ကုန်းရပ်ကွက်၊ မြို့မဘုရားကြီးကျောင်းတိုက် ပဓာနနာယက ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တတာရက အမှူးပြုသော သံဃာတော်များအား သွားရောက်ဖူးမြော်ကြည်ညိုကာ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောင်တည်ကြကာ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြပြီး ဆွမ်းဆန်တော်၊ ဆီ၊ သင်္ကန်း၊ လှူဖွယ် ပစ္စည်းများနှင့် အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ၊ ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် မြို့မဘုရားကြီးကျောင်းတိုက် ပဓာန နာယက ဆရာတော် ထံမှ အနုမောဒနာတရား နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေခဲ့ကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင် များသည် ရပ်စောက်မြို့ရှိ ပြည်သူ့ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေး ကော်မရှင်ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူများအား လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ကျန်းမာ ရေးတိုးတက်ကောင်းမွန်မှု အခြေအနေများကို လိုက်လံမေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဉီးစီးချုပ်(ကြည်း)သည် ဆေးရုံရှိ ဓာတ်မှန်ခန်း၊ ဓာတ်ခွဲခန်း၊ တီဘီရောဂါရှာဖွေးရေးဌာန၊ သွားနှင့်ခံတွင်းဌာနနှင့် ဆေးသိုလှောင်ခန်းများရှိ ရောဂါ ရှာဖွေရေးကိရိယာများ၊ ဆေးဝါးပစ္စည်းများ သိုလှောင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် အဆိုပါ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် တိုင်းစစ်ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများကို ပေးအပ်ရာ တာဝန်ရှိသူ တစ်ဦးက လက်ခံရယူသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဗထူး)သို့ သွား ရောက်၍ ၂၀၂၆ ခုနှစ်၊ မတ်လတွင်ကျင်းပတော့မည့် Grade-12 စာမေးပွဲဝင်ရောက်ဖြေ ဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား အနီးကပ် သင်ကြားပေးနေမှုများ သွားရောက်ကြည့်ရှုအားပေးစကားပြောကြားသည်။ ထို့နောက် ကျောင်းအုပ်ကြီးရုံးခန်း ၌ ကျောင်းတာဝန်ခံနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံစဉ် တာဝန်ရှိသူများက ယခုနှစ် Grade-12 ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ အောင်ချက်မြင့်မားရေး အတွက် စီစဉ်ဆောင်ရွက် လေ့ကျင့်သင်ကြားနေမှု၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က ယခုနှစ် ဖြေဆိုကြမည့် Grade-12 စာမေးပွဲနှင့်ပတ်သက်၍ ယမန်နှစ် Grade-12 စာမေးပွဲ အောင်ချက် ရာခိုင်နှုန်းနှင့် အဆင့်ထက်မလျော့ကျသွားအောင် ယခုနှစ်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများကို ထူးချွန်စွာအောင်မြင်စေရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက် မြင့်မားစေရေး ရည်းမှန်းချက်ထား ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားရန်၊ တန်းစဉ် ကူးပြောင်းမှုနှင့် ပတ်သက်၍ အတန်းအလိုက် နှစ်စဉ် အပြည့်အဝ တန်းစဉ်ကူး ပြောင်းနိုင်ရေး တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့်  မိဘများက အတူတကွ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ မကြာမီအချိန်အတွင်း Grade-12 စာမေးပွဲ ဖြေဆိုကြရတော့မည် ဖြစ်သည့်အတွက် ကျန်ရှိသည့် အချိန်အတွင်း စာကျက်ချိန် မြှင့်တင်နိုင်ရေး Camp သွင်း၍ ကြပ်မတ်ဆောင်ရွက်သွားရန်၊ ထို့ပြင် ဆရာ၊ ဆရာမ များအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူများကို စာပေပညာ သင်ကြားပေး ရာတွင် တန်းစဉ်အလိုက် စာကြေအောင်၊ စာတတ်အောင် လေ့ကျင့်သင်ကြား ပေးကြရန်လိုကြောင်း မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေများ၊ တိုင်းစစ် ဌာနချုပ်မှ ပေးအပ်သည့် ကြက်ဥများနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်ရာ တာဝန်ရှိသူများနှင့် ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယ ဉက္ကဋ္ဌ ဒုတိယတပ်တော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အဆိုပါကျောင်းအတွင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီး၏ အဖျားခတ်မှုကြောင့် ကျောင်းခြံစည်းရိုး အုတ်တံတိုင်း ၁၇၀ ပေခန့် ပြိုကျပျက်စီးမှု၊ စာသင်ဆောင် မျက်နှာကျက်များ ပြိုကျပျက်စီးမှုများအား လိုက်လံကြည့်ရှု စစ်ဆေးပြီး အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသတင်းရရှိသည်။