နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှုစစ်ဆေး နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ဗထူးတပ်မြို့ရှိ နယ်မြခံ တပ်ရင်း/တပ်ဖွဲ့များ၊ သင်တန်းကျောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးသည်။
ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များအား တပ်မတော် (ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင် ရှင်းလင်းဆောင်၌ တပ်မတော် (ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ တပ်မတော်(ကြည်း)အရာခံနှင့်အကြပ်ကြီးသင်တန်းကျောင်း ကျောင်းအုပ်ကြီးများက နယ်မြေ လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ၊ တပ်တည်ဆောင်ရေးလုပ်ငန်းကြီး(၄)ရပ် နှင့်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌက သိရှိလိုသည်များ မေးမြန်း၍ လေ့ကျင့် သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာ လိုအပ်ချက်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)သည် အဖွဲ့ဝင်များ လိုက်ပါ၍ မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ တပ်ရင်းရုံး၌ တပ်ရင်းမှုးက ရည်မှန်းချက် တာဝန်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန် ချက်များအပေါ် လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှုနှင့် စံပြစိုက်ပျိုးမွေးမြူ ရေးဇုန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)က စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအား ဆောင်ရွက်ရာတွင် အမှန်တကယ် အောင်မြင်ဖြစ်ထွန်းအောင် လုပ်ဆောင်ကြရန်၊ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အတိုင်း စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ထုတ်ကုန်အသား၊ ငါး၊ အသီးအရွက်များအား တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပပေါက်ဈေး ထက် သက်သာသောဈေးနှုန်းများဖြင့် လုံလောက်ဖူလုံစွာ ရရှိနိုင်ရန်နှင့် ပိုလျှံပါက နိုင်ငံ့ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာချောင်ချိရေးအတွက် သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချရန်၊ စံပြစိုက်ပျိုး မွေးမြူရေးဇုန် ဖြစ်သည်နှင့်အညီ ဒေသတွင်း စံပြဖြစ်အောင်နှင့် အောင်မြင်ဖြစ်ထွန်းအောင် ရည်မှန်းချက်ထား၍ ဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များ မှာကြားသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း မြေစိုက်ရေခံအဆောက်အအုံနှင့် လေလုံအအေးပေး အဆောက်အအုံအတွင်း ဥစားကြက်များ မွေးမြူထားရှိမှု၊ AI သားစပ်ခြင်းမှ DYL မျိုးမြင့် သားပေါက်ဝက်များ၊ မျိုးမြင့်ဝက်သိုးနှင့် နို့စားနွားများ မွေးမြူထားရှိမှု၊ နေကြာပန်းများ ဝန်မှုံကူးမှု လွယ်ကူ အဆင်ပြေစေရန်အတွက် ဆီနေကြာနှင့် ပျားအိမ်များ ယှဉ်တွဲစိုက်ပျိုးမွေးမြူထားရှိရာ အောင်မြင်ဖြစ်ထွန်းနေမှု၊ Green House အတွင်း ရာသီသီးနှံများ စိုက်ပျိုးထားရှိမှု၊ မျိုးစေ့ထုတ်ပိုးခန်းအတွင်း ရွှေဖုရုံ၊ ဗူး၊ တိုင်ထောင်ပဲ၊ ငရုတ်၊ ရုံးပတီ၊ မုန့်ညှင်းနှင့် ခရမ်းများကို မျိုးကောင်းမျိုးသန့်များအဖြစ် အဆင့်ဆင့်မျိုးစေ့များ ထုတ်ပိုးနေမှုနှင့် သိုလှောင်ခန်းအတွင်း မျိုးစေ့များ သိုလှောင် ထားရှိမှု၊ ကျောက်စိမ်း၊ တစ်သျှူး၊ သီးမွှေး ငှက်ပျော စိုက်ပျိုးထားရှိမှုများ၊ မျိုးစေ့များ ခင်းကျင်း ပြသထားရှိမှု၊ လား/မြင်းချေးမှ သဘာဝမြေဆွေး စမ်းသပ်ထုတ်လုပ်ထားရှိမှုများ၊ ရောဂါ ကာကွယ်ဆေးများ၊ ထောက်ပံ့ နှင့်ပို့ဆောင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် အစာ စပ်စက်ရုံမှ ထုတ်လုပ်သည့် တိရစ္ဆာန်အစား အစာများ ခင်းကျင်းပြသထားရှိမှု၊ ဗထူးစမ်းမှ ဆိုလာရေတင်စနစ်ဖြင့် စိုက်ပျိုးထားသည့် နေကြာ ၁၀ ဧကမှ နေကြာဆီများ ထုတ်လုပ် အောင်မြင်ဖြစ်ထွန်းနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်အတူ ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်ပေးသည်။
အဆိုပါ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းမှ ထုတ်လုပ်သည့် လား/မြင်း ချေးမှ သဘာဝမြေဆွေး မြေဩဇာ ၁ အိတ်လျှင် ငွေကျပ် ၁၀၀၀၀ သာ ကျသင့်ပြီး စပါး/ နေကြာ ၁ ဧကလျှင် ၁၀ အိတ် ခန့် အသုံးပြုခြင်းအားဖြင့် အထွက်နှုန်း ပိုမိုတိုးတက်ကောင်း မွန်စေပြီး ပြင်ပထုတ် အခြားမြေဩဇာများထက် များစွာကုန်ကျ စရိတ်သက်သာကြောင်း သိရှိရသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များ သည် ဗထူးတပ်နယ်ရှိ နယ်မြေခံတပ်ရင်း/တပ်ဖွဲ့များအား မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှု စစ်ဆေးပြီး မိသားစုများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အား ပေးစကား ပြောကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိရာ ဆေးရုံတပ်မှူးနှင့် တာဝန် ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ယင်းနောက် ဆေးရုံအစည်းအဝေးခန်းမတွင် တာဝန်ရှိသူတစ်ဦးက အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက် ပေးမှုအခြေအနေများနှင့် လိုအပ်ချက်များကို ရှင်းလင်းတင်ပြရာ နိုင်ငံတော် လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)က လိုအပ်သည်များ လမ်းညွှန်မှာကြားပြီး လိုအပ် ချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များအား လိုက်လံ ကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှုအခြေအနေများကို လိုက်လံမေးမြန်းအားပေး စကား ပြောကြားကာ စားသောက်ဖွယ်ရာများပေးအပ်သည်။
အလားတူ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ် နှင့်အဖွဲ့ဝင်များသည် အမျိူးသမီးနှင့်ကလေးကုသဆောင်သို့သွားရောက်၍ ဆေးရုံတက်ရောက် ကုသလျက်ရှိသည့် လူနာများအား လိုက်လံကြည့်ရှု အားပေးစကား ပြောကြားပြီး ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် ဆေးရုံစားရိပ်သာအတွင်း လူနာများအတွက် ညနေစာ ထမင်း၊ ဟင်းများ ပြင်ဆင်ထားရှိမှု၊ တပ်မတော်အကြီးအကဲမှ ဖြည့်ဆည်းပေးထားသည့် Portable Digital Dental သွားဓာတ်မှန်စက်နှင့် တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူများ အတွက် ရောဂါရှာဖွေမှု အထောက်အကူပြုသည့် CT Scan စက်အသစ် တပ်ဆင် စမ်းသပ် နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ် (ကြည်း)နှင့် ဇနီးတို့သည့် အဆိုပါဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေနှင့် ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေများကို ပေးအပ်ရာ ဆေးရုံတပ်မှူးက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဉက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် နယ်မြေခံသင်တန်းကျောင်းများအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေး ကြပြီး မိသားစုများနှင့်တွေ့ဆုံ၍ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အား ပေးစကားပြော ကြားကာ တင်ပြချက်များအပေါ် လိုအပ်သည်များအား တာဝန်ရှိသူ များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် သင်တန်းကျောင်း စားရိပ်သာများအလိုက် သင်တန်းသား များ ညနေစာသုံးဆောင်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန် ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။















