Wednesday, February 18, 2026 - 18:15
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီရုံး
အမိန့်အမှတ်၊ ၆ / ၂၀၂၆
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်
( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက် )
တာဝန်မှအနားယူခွင့်ပြုခြင်း
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇၊ ပုဒ်မခွဲ (ခ) အရ ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးမင်းအောင် အား ကျန်းမာရေးအရ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့မှစ၍ တာဝန်မှအနားယူ ခွင့်ပြုလိုက်သည်။
အမိန့်အရ
အောင်လင်းဒွေး
အမှုဆောင်ချုပ်