ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)သင်တန်းဖွင့်ပွဲများအား တိုင်းစစ်ဌာနချုပ်အသီးသီး၌ကျင်းပပြုလုပ်
နေပြည်တော်၊ ၂၀၂၅ ဖေဖော်ဝါရီ ၁၈
နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်နိုင်ရန်အတွက် ပြည်သူ့ စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)တွင် ပါဝင်တက်ရောက်ကြမည့် အရည်အချင်းကိုက် ညီသူ နိုင်ငံ့သားကောင်းများသည် သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ သင်တန်းကျောင်းအသီးသီးသို့ ရောက်ရှိ၍ လိုအပ်သည့်ကြိုတင် ပြင်ဆင်မှုများကို ဆောင်ရွက်ခဲ့ကြသည်။ ယနေ့နံနက်ပိုင်းတွင် အဆိုပါသင်တန်းကျောင်းအသီးသီး၌ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၂) သင်တန်းဖွင့်ပွဲများ ပြုလုပ်ကြသည်။ သင်တန်းဖွင့်ပွဲများတွင် သင်တန်းကျောင်းများအလိုက် ကျောင်းအုပ်ကြီးများက သင်တန်း ဖွင့်အမှာစကားများ ပြောကြားကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲများသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်၍ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ သင်တန်းသားများအား တွေ့ဆုံကာ သင်တန်းသားများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ၊ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ပေးအပ်ကြပြီး သင်တန်းသားများအား လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။
ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်း စောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်တာဝန်ရှိကြသဖြင့် ယင်းတာဝန်များကို ထမ်းဆောင်နိုင် ရေးအတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်များကို ထမ်း ဆောင်နိုင်ရန်ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး ပြည်သူ့စစ်မှုထမ်းသင်တန်းများကို ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ အဆိုပါပြည်သူ့စစ်မှုထမ်းသင်တန်းများမှ သင်တန်းဆင်းခဲ့သည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများသည် တာဝန်ကျရာ တပ်ရင်း/တပ်ဖွဲ့အသီးသီး တွင် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်နေကြပြီ ဖြစ်သည်။
ယနေ့တွင် ဖွင့်လှစ်လိုက်သည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)မှ နိုင်ငံ့သားကောင်းလူငယ်များအဖြစ် နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ကို ဂုဏ်ယူစွာထမ်းဆောင်ရန် သင်တန်းတက်ရောက်ကြမည့် သင်တန်းသားများ၏ စကားသံများကိုလည်း ကြားသိရပါတယ်။
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၂)တွင် သင်တန်းတက်ရောက်ကြမည့် နိုင်ငံ့သားကောင်းလူငယ်များ၏ စကားသံများ (၁၈-၂-၂၀၂၆)
၁။ ကျွန်တော်က ဒီပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)ကို မည်သူတစ်ဦး တစ်ယောက်ရဲ့ တိုက်တွန်းချက်၊ တားမြစ်ချက်နဲ့ မဟုတ်ဘဲနဲ့ မိမိရဲ့သဘောဆန္ဒအလျောက်နဲ့ လာတတ်ရောက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်က ပြည်သူ့စစ်မှုထမ်းသင်တန်းကို မြန်မာနိုင်ငံ သားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်တိုင်းပြည်ကို ကိုယ်ကျရာ အခန်းကဏ္ဍကနေ ကာ ကွယ်ချင်တဲ့ စိတ်ဆန္ဒတစ်ခုနဲ့ လာတတ်တာပါ။ တပ်မတော်အင်အားရှိမှ တိုင်းပြည်ကလည်း အင်အားရှိလာမှာပါ။ နိုင်ငံသားတိုင်း မဖြစ်မနေတတ်ရောက်ရမယ့် ပြည်သူ့စစ်မှုထမ်း သင်တန်း ဖြစ်တဲ့အတွက်ကို နိုင်ငံသားတိုင်းမှာ တာဝန်ရှိပါတယ်။ အဲအတွက် နောင်လာမယ့် ညီငယ်လေးတွေကိုလည်း ဒီနေရာကနေ ဖိတ်မန္တကပြုပါတယ်။ ကိုယ့်နိုင်ငံအတွက်၊ ကိုယ့် လူမျိုးအတွက် ၊ ကိုယ့်မိသားစုအတွက်ကို ကာကွယ်ရာ ရောက်ပါတယ်။ ဒီသင်တန်းမှာ ပို့ချတဲ့ အရာတွေကို စည်းကမ်းတကျနဲ့ သေချာလေ့ကျင့်လိုက်နာဆောင်ရွက်မယ်ဆိုရင် နိုင်ငံတော်အတွက် တကယ်အားကိုးအားထားရတဲ့ နိုင်ငံသားကောင်းတွေဖြစ်မယ်ဆိုတာ ကိုလည်း ယုံကြည်ပါတယ်။ ရဲရဲဝံ့ဝံ့လည်းအာမခံပါတယ်။
၂။ ကျွန်တော်ကတော့ ဒီပြည်သူ့စစ်မှုထမ်းအမှတ်စဉ် ၂၂ ကို ကျွန်တော့် စိတ်ဆန္ဒနဲ့ ကျွန် တော့်သဘောနဲ့ ဝါသနာပါလို့ဝင်ရောက်လာခြင်းဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ့စစ်မှုထမ်း ဆို တာကလည်း နိုင်ငံသားတိုင်း ပါဝင်ဆောင်ရွက်ရမယ့် အရာတစ်ခုဖြစ်တဲ့ အတွက်ကို မြန်မာ နိုင်ငံသားတိုင်းအတွက် ဂုဏ်လည်းရှိတယ်။ နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကို လည်း ကျွန်တော်တို့ကို ဒီသင်တန်းကျောင်းကြီးကနေပြီးတော့ အကောင်းဆုံး ပို့ချသင်ကြား ပေးတာဖြစ်တဲ့အတွက်ကို ယောကျ်ားကောင်းတစ်ယောက်ဖြစ်ဖို့ ၊ နိုင်ငံသားကောင်းတစ် ယောက်ဖြစ်ဖို့အတွက် ပြည်သူ့စစ်မှုထမ်းဆိုတာ မဖြစ်မနေပါဝင်ဆောင်ရွက်ရမယ့်ဟာ တစ်ခု ဖြစ်ပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ တပ်မတော်သားတစ်ယောက်ဖြစ်ဖို့ဆိုတာက တော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူးပေါ့။ အရင်တုန်းက အရပ်သားဘဝမှာ နေချင်သလိုနေခဲ့ တယ်။ စားချင်သလိုစားခဲ့တယ်၊ သွားလာနေထိုင်ခဲ့တယ်။ ဒါပေမယ့် တပ်မတော်သားတစ် ယောက်ဖြစ်ဖို့အတွက်ဆိုရင်တော့ စည်းကမ်းတကျနဲ့ စစ်စည်းကမ်းအရနေရမယ်။ ဘယ်လို အခက်အခဲမျိုးပဲရှိရှိ ကိုယ်ဝါသနာပါလို့ ဝင်ရောက်လာတယ် ။ နိုင်ငံတော်ကို ကာကွယ်ချင် တယ်၊ ကိုယ့်မိသားစုကို ကာကွယ်ချင်တယ်ဆိုရင်တော့ ဘယ်လိုအခက်အခဲမျိုးကိုမဆို အကောင်းဆုံးကြိုစားပြီးတော့ ဆောင်ရွက်သွားရမယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။










