တနင်္သာရီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား သွားရောက်တွေ့ဆုံ နေပြည်တော်၊ ၂၀၂၆ ဖေဖော်ဝါရီ ၁၄ ရက်

Saturday, February 14, 2026 - 15:15

                ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)သို့ တက်ရောက်ကြမည့် တနင်္သာရီ တိုင်းဒေသကြီးအတွင်းမှ နိုင်ငံ့သားကောင်းရတနာများအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် တိုင်မှူး ဗိုလ်ချုပ် ကျော်ကျော်ဟန်နှင့် တာဝန်ရှိသူ များက မြိတ်မြို့နယ်မြေခံတပ်ခန်းမ၌ သွားရောက်တွေ့ဆုံသည်။

                 ထိုသို့တွေ့ဆုံရာတွင် တိုင်းမှူးနှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၂)သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်း ရတနာများအား  အသုံးအဆောင်ပစ္စည်းအား ပေးအပ်ပြီး ရင်းရင်းနှီးနှီးအားပေးစကား ပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။