နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက် ကိုင်ဆန့်ကျင်လျက်ရှိသည့်် အဖွဲ့အစည်းများအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိ နေသူများအား ဉပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဖိတ်ခေါ်လျက် ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေး လျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် PDFအဖွဲ့မှ အမျိုးသား ၁၆ဦး တို့သည် လက်နက်၊ ခဲယမ်းများနှင့် အတူ ယနေ့တွင် ဉပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို လက်ခံယုံကြည်၍ ဉပဒေဘောင်အတွင်းသို့ဝင်ရောက် လာကြသည့် PDF အဖွဲ့ဝင်များသည် အတင်းအဓမ္မအကြပ်ကိုင်စုဆောင်းခံကြရခြင်း၊ အကြမ်းဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက် အပြစ်မဲ့ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊ စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံ အဆောက် အအုံများ၊ လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များကို လက်မခံနိုင်တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် အထက် အောက်အဆင့် အတန်းခွဲခြား၍ အချင်းချင်း ဗိုလ်ကျနှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မမှု ကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာ နေထိုင်ရခြင်းနှင့် တပ်မတော်၏ တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင်နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဉပဒေဘောင်အတွင်း ငြိမ်းချမ်းစွာ နေထိုင်၍ ၎င်းတို့ကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် ပြန်လည်အကျိုးပြုလိုခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်၍ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဉပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသည့် ရန်ကုန်တိုင်း ဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်၊ အင်္ဂပူမြို့နယ် ၊ ရေကြည်မြို့နယ်နှင့် ပုသိမ်မြို့နယ် တို့မှ အမျိုးသား ၁၆ဦးတို့အား တာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်း အပ်နှံပွဲကို ယနေ နေ့လယ် ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ် ဧရာဝတီခန်းမ၌ ပြုလုပ်ရာ ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်နှင့်တာဝန် ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူ များနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က နယ်မြေဒေသတည်ငြိမ်အေးချမ်းရေး နှင့် တရားဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် ဉပဒေဘောင် အတွင်းပြန်လည်ဝင်ရောက်ခဲ့ကြသူများမှ ၎င်းတို့နှင့် အတူ ပါရှိလာသည့် မောင်းပြန် ရိုင်ဖယ် ၂ လက်၊ လက်ပစ်ဗုံး ၄လုံးတို့ အား လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။
၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြသူများအား မောင်းပြန်ရိုင်ဖယ် ၁ လက်လျှင် ဆုကြေးငွေ ကျပ်သိန်း ၅၀ နှုန်းဖြင့် ၂ လက်အတွက် ငွေကျပ် သိန်း ၁၀၀၊ လက်ပစ်ဗုံး ၁ လုံးလျှင် ဆုကြေးငွေကျပ် ၃သိန်းနှုန်းဖြင့် ၄လုံးအတွက် ငွေကျပ် ၁၂သိန်းနှင့် အလင်းဝင်ရောက်လာသူအားလုံးအတွက် တစ်ဦးလျှင် ငွေကျပ် ၃ သိန်းနှုန်းဖြင့် ၁၆ ဦး အတွက် ဆုကြေးငွေကျပ် ၄၈ သိန်း၊ စုစုပေါင်းငွေကျပ် သိန်း ၁၆၀ ကို ပြန်လည် ထောက်ပံ့ပေးအပ်ရာ ဥပဒေဘောင်းအတွင်းဝင်ရောက်လာကြသူများ ကိုယ်စား ဥပဒေ ဘောင်းအတွင်းဝင်ရောက်လာသူများ၏ မိသားစုဝင်များ ကိုယ်စား အုပ်ထိန်းသူ ၁ဦးမှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး တက်ရောက်လာကြသူများနှင့်အတူ စုပေါင်း ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာကြ သူများအား ဝန်ခံကတိလက်မှတ်ရေးထိုးစေပြီး မိဘအုပ်ထိန်းသူများထံ စနစ်တကျ ပြန်လည်လွှဲ ပြောင်း အပ်နှံပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ထိုသို့ နိုင်ငံတော်အစိုးရအနေဖြင့်ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာ ကြသူများအား ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးကာ မိဘအုပ်ထိန်းသူများထံသို့စနစ်တကျပြန်လည်လွှဲအပ်ပေးလျက်ရှိရာ ဉပဒေဘောင်အတွင်း သို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ဉပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ အမြန်ဆက်သွယ် သတင်းပေး ပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ် ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ ပေးအပ်သွားမည်ဖြစ် ကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည်-
၁။ မနက်ခင်းကျတော့ ဆန်ပြုတ်တိုက်တယ်။ နေ့လည်စာကျတော့ ငါးနီတူးတွေ ပုပ်ပွ နေတဲ့ဟာတွေကို သူတို့တောင်မစားူး။ သူတို့ကျတော့ ကောင်းတာစားပြီး ကျွန်တော်တို့ ကျ မကောင်းတဲ့အဲဒီဟာကို ကျွေးတယ်။ လမ်းဘေးက ငှက်ပျော်အူတောင်မှ ဖဲ့စားပိုင်ခွင့်မရှိဘူး။ ဘယ်ဟာမှ စားပိုင်ခွင့်မရှိဘူး။ သူတို့ကျွေးတာပဲစား၊ သူတို့ခိုင်းတာ ပဲလုပ်၊ အဲ့အတိုင်းပဲ ကျွန်တော်တို့ကို ထားတယ်။ ရှေ့တန်းစစ်မြေပြင်ရောက်ပြန်တော့ လည်း သူတို့ကစီနီယာသမားတွေဆိုပြီး ရှေ့ဦးဆောင်ပြီး တိုက်မလားဆိုပြီး ကျွန်တော်တို့ ကတွေးတယ်။ ကျွန်တော် တို့က အတွေ့အကြုံမရှိဘူးလေ။ အတွေ့အကြုံမရှိတော့ ရှေ့က စီနီယာသမားတွေကိုပဲ ကြည့်လုပ်ရမှာပေါ့။ ကျွန်တော်တို့ကို ရှေ့ကတင်တယ်။ ရှေ့ကျ ဘာမှမသိဘူး။ ဘယ်ကစပြီး ဘာလုပ်ရမလဲ ကိုယ်မှနားမလည်တာ နားမလည်တော့ သူတို့ကို အကူအညီတောင်းတယ်။ ကျွန်တော်တို့ဘာလုပ်ရမလည်း ဆိုတော့ မင်းတို့ သင်တန်းက သင်ပေးထားတယ် မဟုတ်ဘူး လာပြောတယ်။ သူတို့ကနောက်က နေပြီးတော့ အိုဗာဟတ်ထဲတို့ ကတုတ်ကျင်းထဲတို့မှာ သူတို့နေတယ်။ ဟိုကတတ် လာပြီဆိုရင် သူတို့ပြေးပြီ။ စည်းကမ်းတွေဘာတွေ သူတို့ကချတယ်။ ချမှတ်ပြီး သူတို့ ကိုယ်တိုင်ကျ စည်းကမ်းဖောက်တယ်။ သူတို့ကိုယ်တိုင်စည်းကမ်းဖောက်ပြီး ကျွန်တော်တို့ နည်းနည်းလေးမှားပြီ ၊ ရဲဘော်တွေမှားပြီဆိုရင် ပြစ်မှုပြစ်ဒဏ်နဲ့ လာတယ်။ ရှေ့တန်း စစ်မြေပြင်မှာဆိုရင် မိုင်းရှင်းတွေဘာတွေသွားရင် သူတို့က နောက်တို့နောက်ဆုံးက လိုက်တယ်။ ကျွန်တော်လည်း နီးစပ်ရာ ရဲစခန်းမှာပဲနေမယ်ဆိုပြီးတော့ ကျွန်တော်သတင်း ပို့ အလင်းဝင်လိုက်ပါတယ်။ မင်းတို့အလင်းဝင်တဲ့သူတွေကို အခမ်းအနားနဲ့ပေးပြီးတော့ မိဘ လက်ထဲပြန်အပ်မှာတဲ့ ငွေကြေးလည်း ဆုချတယ်တဲ့ ကျွန်တော်အရမ်းဝမ်းသာ သွားပါတယ်။ ကျွန်တော့်မိဘထံ ပြန်အပ်မယ်ဆိုတော့ ကျွန်တော်အရမ်းဝမ်းသာ သွားပါတယ်။
၂။ ကျွန်တော်တို့ ခရီးသွားရင်းနဲ့ အကြမ်းဖက် AA နဲ့ PDF ပူးပေါင်းတပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ကျွန်တော်တို့ကို ခေါ်ဆောင်သွားပါတယ်။ ခေါ်ဆောင်သွား ပြီးတော့ သူတို့အဖွဲ့အစည်းထဲကိုဝင်ဖို့ ကျွန်တော်တို့ကို အတင်းအဓမ္မ စုဆောင်းပါတယ်။ ကျွန်တော်တို့ မိသားစုတွေကိုလည်း ထောက်ပံ့ပေးမယ်လို့လည်း ပြောပါတယ်။ ကျွန်တော်တို့ကိုစတင် စုဆောင်းတုံးက ကျွန်တော်တို့ကို ကောင်းကောင်းမွန်မွန် ကျွေးမယ်။ ကောင်းကောင်းမွန်မွန် ထားပါမယ်ဆိုပြီးတော့ စုဆောင်ခဲ့ပြီးတော့ သူတို့ ဟိုရောက်တော့ ကျွန်တော်တို့ကိုဆက်ဆံပုံတွေက တစ်မျိုးဖြစ်တယ်။ ကျွေးမွေးတာတွေ ကစ အပြောတစ်မျိုး အလုပ်တစ်မျိုး ကျွန်တော် တို့အဆင်မပြေခဲ့ပါဘူး။ ကျွန်တော်တို့ အပတ်စဉ်မှာကတော့ ထွက်ပြေးတဲ့သူတွေရှိတယ်။ ပြန်မိတဲ့ သူတွေလည်း ရှိတယ်။ တကယ်လို့ မိခဲ့တဲ့သူတွေဆိုလို့ရှိရင် PDF က မိတယ်ဆိုလို့ရှိ ရင် ထောင်ချပါတယ်။ AA ကမိတယ်ဆိုရင်တော့ သတ်ပစ်ပါတယ်။ သင်တန်းမှာတော့ ကျွန် တော်တို့ကို ခနခန ပြောတယ်။ ညီအကိုတွေ ရဲဘော်ရဲဘက်စိတ်ထားပါ။ တကယ်တမ်း ရှေ့တန်းစစ်မြေပြင် မှာဆိုလို့ရှိရင် ကျွန်တော်တို့ကို သူတို့က လုံးဝကို ရဲဘော်ရဲဘက်စိတ် မရှိ ပါဘူး။ ကျွန်တော်တို့ တိုက်ပွဲတွေတော့ နေစဉ်န့အမျှဖြစ်ပါတယ်။ ဖြစ်နေရတဲ့အချိန်မှာ နေစဉ်နဲ့ အမျှ တပ်မတော်ဘက်က ကျွန်တော်တို့ကို DROP ဗုံးတွေနဲ့ တိုက်ခိုက်တယ်။ နောက်ပြီး တော့ မြေပြင်စစ်အင်အားတွေနဲ့ ထိုးလာတယ်။ အဲဒီဒဏ်တွေနေ့စဉ်နဲ့အမျှရှိပါတယ်။ နေ့စဉ်နဲ့အမျှရှိနေတဲ့ အတွက်လည်း ကျွန်တော်တို့က ပြေးဖို့ပဲ ကြံစည်ခဲ့ပါတယ်။ ပေးဖို့ ကြံစည်ခဲ့ပြီးတော့ ကျွန်တော်တို့ တပ်မတော်ဘက်ကို ပြေးလာတယ်။ ပြေးလာတဲ့ အချိန်မှာ ကျွန်တော်တို့ကို ဒီဘက်ကနေပြီးတော့ ပျူပျူငှာငှာနဲ့ ကြိုဆိုပါတယ်။ ကျွန်တော် တို့ကို မေးမြန်းတာတွေ မဖြေရင် သတ်ပစ်မယ်တို့ ဘာတို့အဲလိုမျိုးတွေ ကျွန်တော်တို့ ထင်ခဲ့တာပါ။ တပ်မတော်နဲ့ ဌာနဆိုင်ရာအဖွဲ့အစည်းတွေက ကျွန်တော်တို့ကို နွေးနွေး ထွေထွေးကြို ဆိုတဲ့အတွက် ဝမ်းလည်းဝမ်းသာပါတယ်။ နောက်ပြိးတော့ ကျွန်တော်တို့ကို ထောက်ပံ့ဆု ကြေးငွေတွေလည်း ချီးမြှင့်ခဲ့ပါတယ်။ အဲ့အတွက်ကြောင့်လည်း ဝမ်းသာ ပါတယ်။

