ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဒုတိယနေ့တွင် ဒေသခံပြည်သူ အများအပြား လာရောက်ကြည့်ရှုလေ့လာ နေပြည်တော် ဖေဖော်ဝါရီ ၉

Monday, February 9, 2026 - 16:15

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော် ဒုတိယနေ့တွင် ဒေသခံပြည်သူ အများအပြား လာရောက်ကြည့်ရှုလေ့လာ

နေပြည်တော် ဖေဖော်ဝါရီ 

(၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်(နေပြည်တော်) ကို ပြခန်းပေါင်း ၁၂၀ ကျော်နှင့် ပြင်ပကုမ္ပဏီ ၂၉ ခုတို့က ပါဝင်ပြသရောင်းချလျက်ရှိရာ ယနေ့ ပြပွဲ ဒုတိယနေ့တွင် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များနှင့် ဒေသခံပြည်သူ အများအပြား လာရောက် ကြည့်ရှုလေ့လာကြသည်။

 ပြပွဲတွင် ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်အပါအဝင် တိုင်းဒေသကြီး/ ပြည်နယ် MSME ပြခန်းများ၊ တိုင်းရင်းသားရိုးရာ အစားအစာ ရောင်းချသည့် ဆိုင်ခန်းများ၊ လုပ်ငန်း/ စီးပွား ချိတ်ဆက်မှုများ (Business Matching)၊ နည်းပညာ ပြခန်းများ၊ လယ်ယာသုံး စက်ပစ္စည်းနှင့် ထုတ်ကုန်ပြခန်းများ၊ အသေးစား စက်မှုလက်မှုလုပ်ငန်းနှင့် ကုန်ထုတ် သမဝါယမ ပြခန်းများ၊ အသင်းအဖွဲ့ပြခန်းများ၊ Solar Farm များ၊ SKD ဦးစားပေး EV ကား/ မော်တော်ဆိုင်ကယ်/ သုံးဘီးဆိုင်ကယ်ပြခန်းများ၊ CMP အထည်ချုပ် ပြခန်းများ ပါဝင်ပြ သလျက်ရှိရာ လာရောက် လေ့လာကြည့်ရှုသူများဖြင့် အထူးစည်ကား လျက်ရှိသည်။

 ထို့ပြင် အသေးစားစက်မှု လက်မှုထုတ်ကုန်ပြခန်းများ၊ ကုန်ထုတ်သမဝါယမ အသင်း များ ထုတ်ကုန်ပြခန်း၊ မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များအသင်း ပြခန်း၊ မြန်မာ နိုင်ငံ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း ပြခန်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန် နှင့် ဟင်း သီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းပြခန်း၊ SUPREME WATER DOCTOR  ပြခန်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက်ပြခန်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းပြခန်း၊ မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များ အသင်း ပြခန်းများတွင် သက်ဆိုင်ရာ ပြခန်းအလိုက် စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်း များ၊ အဝတ်အထည်များကို ဈေးနှုန်း သက်သာစွာ ခင်းကျင်းပြသ ရောင်းချပေး လျက်ရှိ သည့်အတွက် လာရောက်လေ့လာဝယ်ယူသူများဖြင့် စည်ကားလျက်ရှိသည်ကို  တွေ့ ရသည်။

           ထို့အတူ ပြည်တွင်းလုပ်ငန်းရှင်များ၏ ရေမဲ့အီသနောဖြင့် ဇီဝလောင်စာဆီ ထုတ်လုပ် ခြင်းပြခန်း၊ OK Myanmar စက်မှု လုပ်ငန်းသုံး ရော်ဘာရိုလာနှင့် ရော်ဘာ ပစ္စည်းမျိုးစုံ ထုတ် လုပ်ရေးပြခန်း၊  ရွှေဦး ဝဥ တန်ဖိုးမြှင့် ထုတ်ကုန်များပြခန်း အပါအဝင် မြန်မာနိုင်ငံ အမျိုး သမီး များနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးပြခန်း၊ မြန်မာ့စီးပွားရေး ဦးပိုင် အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်  ထုတ်ကုန်ပြခန်း၊  ရိုးမအသေး စား စက်မှုလက်မှု ထုတ် ကုန် ပြခန်း၊  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင် များ အသင်းချုပ်ပြခန်း၊ CMP  ထုတ်ကုန်များပြခန်းတို့တွင် သက်ဆိုင်ရာ ပြခန်းအလိုက် ထုတ်ကုန်များကို အမျိုးအမည် စုံလင်စွာ ခင်းကျင်းပြသထားသည်ကို တွေ့ရှိရ သည်။

ထိုကဲ့သို့ ပြခန်းများအလိုက် စုံလင်စွာ ခင်းကျင်းပြသထားမှုများကို ပြည်သူများက စိတ် ဝင်တစား လာရောက် လေ့လာကြည့်ရှုလျက်ရှိရာ  ပြခန်းတာဝန်ရှိသူများက ပြသထား သည့် ထုတ်ကုန်များနှင့် သက်ဆိုင်သော အချက်အလက်များ၊ ဒေသထွက် ကုန်ကြမ်းများကို အခြေခံထား အသုံးပြုမှုများ၊ ထုတ်လုပ်မှုဆိုင်ရာ နည်းပညာများကို ရှင်းလင်းဆွေးနွေးပေး လျက်ရှိ သည်။

ထို့ပြင် တိုင်းဒေသကြီးနှင့်  ပြည်နယ်အလိုက် တိုင်းရင်းသားရိုးရာ အစားအစာ အရောင်းဆိုင်များတွင် ဒေသအလိုက် အစားအသောက်များ၊  တိုင်းရင်းသားရိုးရာ အမှတ် တရ ပစ္စည်းများ၊ ဒေသထွက်ကုန်ပစ္စည်းများနှင့် တိုင်းရင်းသားရိုးရာဝတ်စုံများကို   ပြည်သူ များအတွက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးလျက်ရှိသည့်အတွက် ဝယ်ယူအားပေးသူ ပြည် သူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။

ညပိုင်းတွင် ပြည်သူများ အေးချမ်း ပျော်ရွှင်စွာ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီ အစဉ်များကို ထည့်သွင်းကျင်းပလျက်ရှိပြီး နိုင်ငံကျော်အနုပညာရှင်များ၏ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြူးမြူးကြွကြွ သီဆိုကပြ ဖျော်ဖြေမှုများတွင် ပြည်သူများက လိုက်ပါ သီဆို ကခုန်ကြရင်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲလျက်ရှိသည်ကို တွေ့ရှိရသည်။