ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၃၄ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော်   ၈  ရက် ( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ  ၉   ရက် ) ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခို

Monday, February 9, 2026 - 16:15

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

ကြေညာချက်အမှတ် ( ၃၄ / ၂၀၂ )

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော်   ၈  ရက်

( ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ  ၉   ရက် )

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှု အခြေအနေ ထုတ်ပြန်ကြေညာခြင်း

၁။           ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ အပိုင်းလိုက်ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၂၆၃ နယ်၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၉၉ နယ်၊ တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၂၉၇ နယ်နှင့် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် ၂၉ နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပြီး လွှတ်တော်အလိုက် မဲဆန္ဒနယ်အသီးသီးတွင် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိသည့် မဲရလဒ်များနှင့် ရာခိုင်နှုန်းများ၊ ပါတီအလိုက်ရရှိသည့် ကိုယ်စားလှယ် အရေအတွက်တို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

၂။            ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီများအလိုက် ပါဝင်ယှဉ်ပြိုင်သည့် မဲဆန္ဒနယ်၊ ပါဝင် ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်အရေအတွက်၊ ခိုင်လုံမဲရရှိမှုအခြေအနေ၊ ခိုင်လုံမဲရရှိမှုရာခိုင်နှုန်းနှင့် အနိုင်ရလွှတ်တော်ကိုယ်စားလှယ်အရေအတွက်တို့အား ပူးတွဲပါဇယားအတိုင်း ထုတ်ပြန်ကြေညာ လိုက်သည်။

ပူးတွဲ။       နိုင်ငံရေးပါတီအလိုက် ခိုင်လုံမဲရရှိမှုအခြေအနေဇယား ( ၂ ) ရွက်

 

 

( ပုံ ) သန်းစိုး

ဥက္ကဋ္ဌ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်